( Unicode )
-
-
-" ဟန်နီ!!! "
ခါလွန်မိုးတစ်ယောက်တည်း အေးအေးလူလူလမ်းလျှောက်နေတုန်း အနောက်ကနေသူ့ကိုလှမ်းခေါ်တဲ့ နွေခါးရဲ့ဆောင့်ကြီးအောင့်ကြီးအသံ။ အသံကျယ်တော့ ဘေးနားကလူတွေတောင် ကွက်ကြည့်ကွက်ကြည့်ကြည့်ကုန်ကြသည်။
" ဟဲဟဲ နွေခါး... "
နွေခါးဘာဖြစ်နေလဲဆိုတာကိုသိနေတဲ့ ခါလွန်မိုးကအရင်ဆုံးဦးအောင် သွား၃၂ချောင်းလုံးပေါ်သည့်အထိပြုံးပြကာ မျက်နှာချိုသွေးနေသည်။
" ဒါက ဘာလဲ "
လက်ထဲကိုင်ထားတဲ့ ဖုန်းကိုဖွင့်လိုက်ပြီ ခါလွန်မိုးမျက်နှာအရှေ့၌ထောင်ပြကာ နွေခါးက Post တစ်ခုကိုပြနေသည်။
" အာ...အဲ့တာက Underwear ကြော်ငြာလေ "
" Underwear မှန်းတော့ ကျွန်တော်လည်းသိတာပေါ့။ ကျွန်တော်မေးတာက ဘာလို့ ဒီထဲမှာဟန်နီကပါနေရတာလဲလို့ "
" ဒါကဒီလိုလေ...သူတို့ကကိုယ်ကိုလာငှားတယ် လာငှားတော့ကိုယ်ကလည်း လက်ခံလိုက်တယ်။လက်ခံလိုက်တော့ ရိုက်ရတယ်။ ရိုက်တော့ ဒီထဲမှာပါလာတာပေါ့ "
" နောက်သလိုလိုပြောင်သလိုလိုလုပ်မနေနဲ့နော် ဟန်နီ။ ကျွန်တော့်ရင်ထဲပန်းတွေပွင့်နေတာမဟုတ်ဘူး "
" ဘာလဲ ဒူးရင်းသီးတွေသီးနေလို့လား...ကိုယ့်ကိုလည်း နည်းနည်းကျွေးလေ "
" ဟန်နီ!!! "
နွေခါးရဲ့အမြင့်ဆုံးအသံနှုန်းကြောင့် ခါလွန်မိုးငြိမ်ဝပ်သွားပြီ နောက်တိနောက်တောက်ဆက်မလုပ်နိုင်တော့ပါ။
" အင်္ကျီလေးပဲချွတ်ထားတာပါကွာ အင်္ကျီလေးပဲ...အောက်မှာ ဘောင်းဘီဝတ်ထားတာပဲဟာ Underwear တစ်ထည်တည်းနဲ့မှမဟုတ်တာ "
ကြော်ငြာ Vidoe ထဲမှာ ခါလွန်မိုးကအပေါ်ပိုင်းတွင်သာအဝတ်ဗလာနဲ့ဖြစ်ပြီ အောက်မှာ ဂျင်းဘောင်းဘီကိုဝတ်ထားသည်။Underwear တံဆိပ်ခါးပြားကြိုးပေါ်အောင်တော့ ဘောင်းဘီကိုအောက်အနည်းငယ်လျှော့ချထားသည်။
" ကျွန်တော်တောင်ဟန်နီဗိုက်သားလေးတွေကို မမြင်ဖူးသေးတဲ့ဟာကို..အခုတော့ ကျွန်တော်ထက်တောင် တစ်ခြားသူတွေအကုန်လုံးမြင်ကုန်ပြီလေ! "
YOU ARE READING
Pretty Man [ Complete ]
RomancePretty Women ?? No!! He is a Pretty Man - 4.4.2024 - Recommend Song - Replay || SHINee