Ep - 13

3.1K 190 0
                                    

( Unicode )
-
-
-

ခါလွန်မိုး ကျောင်းထဲကနေထွက်လာကာ
သူ့အစ်မကော်ဖီဆိုင်ကိုသွားနေတုန်း
ရုတ်တရက်ကြီး အနောက်ကနေတစ်ယောက်ယောက်ကပ်လိုက်လာသလို ခံစားရတာကြောင့် တိခနဲခြေလှမ်းတွေကိုရပ်လိုက်ပြီ အနောက်ကိုလှည့်ကြည့်လိုက်သည်။

" မြတ်သာ!! လန့်သွားတာပဲကွာ "

အနောက်ကလူက သူ့သူငယ်ချင်းမြတ်သာဖြစ်နေသည်။

" လန့်သွားတာလား... Sorry ကွာ။ ငါလည်းမင်းကိုခေါ်မလို့ပါပဲ "

မြတ်သာကသူ့နားမှာတပ်ထားတဲ့ Earpods ကိုဖြုတ်ရင်းပြောသည်။

" ဘယ်သွားမလို့လဲမင်းက "

" ဒီနေ့ရာသီဥတုကပူတယ်လေ...မင်းအစ်မဆိုင်မှာ iced coffee ဝယ်မလို့ "

" ငါလည်းဆိုင်သွားမလို့ပဲ အတူတူသွားကြတာပေါ့ "

ကော်ဖီဆိုင်ကိုရောက်တဲ့အထိ စကားတပြောပြောဖြစ် ခါလွန်မိုးနဲ့မြတ်သာဘေးချင်ယှဥ်လျှောက်ကာ အတူတူလာခဲ့ကြသည်။

ခါလွန်မိုးကော်ဖီဆိုင်ထဲကိုဝင်လိုက်တာနဲ့ ပထမဆုံးမြင်လိုက်ရတဲ့လူက နွေခါးပါပဲ။ မတွေ့လို့လည်းမရ ခါလွန်မိုးဆိုင်အဝကိုခြေချရုံရှိသေး အထဲကနေ " ဟန်နီ ဟန်နီ " နဲ့လှမ်းခေါ်ကာ လက်ရမ်းပြနေတာကိုး။

" ကိုယ့်အထင် ကိုယ်မင်းကိုညနေမှလာခိုင်းတာမဟုတ်ဘူးလား..."

နွေခါးထိုင်နေတဲ့ဝိုင်းမှာပဲ ခါလွန်မိုးဝင်ထိုင်လိုက်သည်။

" အတန်းလည်းမရှိတော့ ကျွန်တော်အားနေလို့ဗျ။ ဟန်နီတို့ကို ကူညီလို့လဲရအောင်လာလိုက်တာ... "

" ဆိုင်ပိတ်ဖို့က ၁ နာရီလောက်လိုသေးတာကို "

ဒီနေ့က အလတ်မကြယ်စင်မိုးမွေးနေ့ဖြစ်တာကြောင့် ကော်ဖီဆိုင်မှာပဲ ကြယ်စင်မိုးကို birthday surprise လုပ်ဖို့စီစဥ်ထားကြသည်။ သူ့မောင်နှမတွေအပြင် ဆိုင်ကဝန်ထမ်းတွေပဲပါတော့ လူများရအောင် ခါလွန်မိုးကနွေခါးကိုပါဖိတ်ထားသည်။

' သစ်ရိပ်ဝါးရိပ်ရောက်သလို
မင်းရဲ့မျက်နှာမြင်ရင် ငါ အေးချမ်းတယ်
မင်းရည်းစားအကြောင်း တွေးမိတိုင်း
သရဲတဘက်စီးသလို စိတ်တွေက
ဖောက်လာတယ်... '

Pretty Man [ Complete ]Where stories live. Discover now