Ep - 12

3.2K 197 0
                                    

( Unicode )
-
-
-

မနက်၃ နာရီမှသာ မောင်နှမလေးယောက်လုံး အိမ်ပြန်ရောက်ကြသည်။ အိမ်ပြန်ရောက်ရောက်ချင်းပဲ အကြီးမကသူ့မောင်ရဲ့မျက်နှာနဲ့လက်ကဒဏ်ရာတွေကို ဆေးလိမ်းပေးကာ ပလာစတာကပ်ပေးသည်။

ပင်ပန်းနေတာကြောင့် ခါလွန်မိုးသူ့အခန်းထဲကိုရောက်တာနဲ့ အပေါ်ထပ်ကိုချွတ်လိုက်ပြီ အဝတ်အစားတောင်မလဲနိုင် ကုတင်ပေါ်ပစ်လှဲလိုက်ကာ တစ်ချိုးတည်းအိပ်ပျော်သွားသည်။ သို့ပေမဲ့ မနက် ၉ နာရီအတန်းချိန်ရှိသေးတာကြောင့် ကြာကြာမအိပ်လိုက်ရပါ။ ၇ နာရီထိုးတာနဲ့ တတီတီမြည်နေတဲ့ နှိုးစက်သံကိုပိတ်လိုက်ပြီ အိပ်ယာထဲကနေကုန်းကောက်ထကာ ရေချိုးခန်းထဲကို ပျင်းရိပျင်းတွဲနဲ့ဝင်သွားသည်။

ညကလည်းပြန်ရောက်တာနဲ့ ရေတောင်မချိုးနိုင်ပဲ တန်းအိပ်ပျော်သွားတာကြောင့် အခုမှပဲ ရေမိုးချိုးလိုက်တော့ လန်းဆန်းသွားသည်။ ခါးမှာတဘက်ပတ်ကာ အပေါ်ပိုင်းဗလာကျင်းလျက်ဖြစ် ရေချိုးခန်းကနေ ခါလွန်မိုးပြန်ထွက်လာသည်။ အဝတ်အစားတောင်မလဲသေးပဲ ဘယ်ရောက်လို့ရောက်နေမှန်းမသိတဲ့ သူ့ဖုန်းကို အရင်လိုက်ရှာရသည်။ သူရှာနေတုန်းမှာပဲ ဖုန်း ringtone သံက ရုတ်တရက်ကြီးထမြည်လာတာကြောင့် အသံလာရာကိုလိုက်ရှာကြည့်တော့ ကုတင်အောက်မှာပြုတ်ကျနေတဲ့ သူ့ဖုန်းလေး။

" Hello... "

မနက်စောစောစီးစီး သူ့ဆီကိုဖုန်းဆက်တဲ့သူက ငရှုပ်ကောင်လေးနွေခါးပင်။

" ဟန်နီ အဆင်ပြေရဲ့လား! "

" အမ်...ကိုယ်အဆင်ပြေပါတယ် "

နွေခါးရဲ့စိုးရိမ်တကြီးဖြစ်နေတဲ့အသံကြောင့် ခါလွန်မိုးကြောင်သွားသည်။

" ကျွန်တော့်ဆီကို ဖုန်းပြန်ဆက်မယ်ဆိုပြီ မိုးလင်းတဲ့အထိဆက်မလာတော့ တစ်ခုခုဖြစ်နေတယ်ထင်တာ တော်သေးတာပေါ့..."

ဟုတ်သားပဲ သူလုံးဝမေ့သွားတာ။ မဟုတ်မှ ဒီကောင်လေး သူ့ဖုန်းကိုမနက်မိုးလင်းတဲ့အထိ ထိုင်စောင့်နေတာတော့ မဟုတ်လောက်ပါဘူးနော်။

" ကိုယ်မေ့သွားတာ... အိမ်ပြန်ရောက်တာနဲ့ တန်းအိပ်ပျော်သွားလို့။ sorry ပါကွာ... "

Pretty Man [ Complete ]Where stories live. Discover now