Ep - 7

3.8K 234 0
                                    

( Unicode )
-
-
-

Project အတွက် အလုပ်ရှုပ်နေတာနဲ့ပဲ နွေခါးကျောင်းထဲနေ ည၆နာရီမှသာထွက်လာရသည်။ ဆရာမကအဖွဲ့နဲ့လုပ်ခိုင်းတာဆိုပေမယ့် သူကသူစိမ်းတွေနဲ့အဆင်မပြေတာကြောင့် အားလုံးကိုတစ်ယောက်တည်းသာလုပ်သည်။

ရုတ်တရက်ကြီးရွာချလာတဲ့ မိုးကြောင့်အနီးအနားမှာရှိတဲ့ ကော်ဖီဆိုင်လေးထဲသို့ မိုးခိုရန် နွေခါးဝင်သွားခဲ့သည်။ ကျောင်းအနားမှာ ဒီကော်ဖီဆိုင်ရှိမှန်း အခုမှ သတိထားမိတော့တယ်။

" တောင်းပန်ပါတယ် ဧည့်သည်။ ဆိုင်ပိတ်သွားပါပြီခင်ဗျ။ "

ဆိုင်ထဲဝင်ဝင်ချင်း ပထမဆုံးကြားလိုက်ရတဲ့အသံကလေးက သူ့ရင်းနှီးနေသည့်အသံကလေးပင်။ ထိုအသံပိုင်ရှင်လေး အနောက်ကိုလှည့်လာတော့ မြင်လိုက်ရသည့်မျက်နှာလေးက တကယ်ပဲသူ့ရဲ့ဟန်နီဖြစ်နေခဲ့သည်။

" မင်း...မင်း! ငါ့ကိုဘာလို့ရှောင်နေတာလဲ နွေခါး "

ခါလွန်မိုးကနွေခါးကိုလည်းတွေ့ကော လက်ညိုးတထိုးထိုးနဲ့ပြောကာ အနားကိုရောက်လာ၏။ သူ့အနားကိုဖြည်းဖြည်းနဲ့ တိုးကပ်လာတဲ့ ခါလွန်မိုးကြောင့်နွေခါးအနောက်ကိုခြေတလှမ်းဆုတ်သွားသည်။

" ကျွန်တော်...ကျွန်တော်ရှက်လို့ဗျ "

" ဟမ် "

ခါလွန်မိုးအံ့သြလွန်းလို့ အာမေဍိတ်အသံပါထွက်မိသည်။

" မင်းကဘာကိုရှက်တာလဲ "

" ကျွန်တော်...ကျွန်တော်ဟန်နီကို ပြောခဲ့မိတဲ့စကားတွေကြောင့်လေ!! "

ဆွဲလားရမ်းလားလည်းလုပ်ခံရတဲ့အပြင် အသားယူတဲ့စကားတွေပါ အပြောခံရတဲ့လူကဒီကလူပါ ဒါကိုဒီလူကမရှက်ရပဲ သူကပဲရှက်တယ်ရှိသေး။

" သွားထိုင်တော့ မင်းအတွက်ကော်ဖီဖျော်ပေးမယ်။ "

" ဟုတ်ကဲ့ဗျ "

ဟိုနေ့တုန်းကလိုမဟုတ်ပဲ ချက်ချင်းကြီးကိုစကားနားထောင်တဲ့ လူလိမ္မာလေးဖြစ်သွားတော့တာပဲ။

ဝန်ထမ်းတွေအားလုံးလည်း ပြန်သွားကြပြီမို့ ဆိုင်ထဲမှာ နွေခါးနဲ့ခါလွန်မိုးနှစ်ယောက်တည်းသာရှိသည်။ တံခါးမှာချိတ်ဆွဲထားတဲ့ Open ဆိုတဲ့ကဒ်လေးကိုအနောက်သို့လှည့်ကာ Close ပြောင်းလိုက်ပြီးမှ ကော်ဖီဖျော်ဖို့အတွက် ခါလွန်မိုးထွက်သွား၏။

Pretty Man [ Complete ]Where stories live. Discover now