Extra - 3

1.5K 95 5
                                    

Extra - 3 [ ကျွန်တော်ဟန်နီကိုလွမ်းတယ် ]
-
-
-

" အလုပ်လုပ်နေတုန်လား ခါး "

" ဟင့်အင်း။ ဟန်နီကိုလွမ်းနေတာ "

Phone Screen ပေါ်မှာမြင်နေရတဲ့ နွေခါးရဲ့အိုဗာလုပ်နေတဲ့မျက်နှာပေနဲ့ သူပြောလိုက်တဲ့စကားရယ်ကြောင့် ခါလွန်မိုးကသဘောကျကာ ရယ်၏။

ခါလွန်မိုးကသူ့မိဘတွေရှိတဲ့နိုင်ငံကိုရောက်နေတာ ဒီနေ့နဲ့ဆိုတစ်ပတ်ခန့်ပင်ရှိပြီ။ အစကတော့ မိဘတွေနဲ့မတွေ့ရတာလည်းကြာပြီဖြစ်တဲ့အပြင် နွေခါးနဲ့နှစ်ယောက်အတူတူခရီးလည်းမထွက်ဖြစ်သေးတော့ အတူတူသွားဖို့စီစဥ်ထားပေမယ့် နွေခါးကသူ့အလုပ်ကြောင့် လိုက်ဖို့အဆင်မပြေဖြစ်နေတော့ ခါလွန်မိုးတစ်ယောက်တည်းသာလာခဲ့လိုက်သည်။

" ကိုယ်ဒီကိုမလာခင်တုန်းကတော့ ကိုယ်ကို ပျော်သလောက်သာနေ ဆိုပြီပြောခဲ့တာ ဘယ်ကောင်လေးပါလိမ့် "

" အဲ့တာကတော့...အဲ့ဒီတုန်းက အဲ့ဒီကောင်လေးက စိတ်ဆိုးလို့ပြောလိုက်တာနေမှာပေါ့။ အဲ့ဒီဘက်ကလူက သူအားတဲ့အချိန်ကိုမှမစောင့်တာ "

" အဲ့ဒီကောင်လေး အားတဲ့အချိန်က ကိုယ်မှ မအားတာ...ဒီလိုဆို သွားဖြစ်မှာကိုမဟုတ်တော့ဘူးလေ။ မိဘတွေကိုတအားလွမ်းနေတာကိုလည်း သိရဲ့သားနဲ့ အဲ့ဒီကောင်လေးက ကိုယ့်ကို သားမိုက်ဖြစ်စေချင်တာထင်ပါရဲ့နော် "

" မဟုတ်ပါဘူးနော်! "

ကလေးတွေလို စနောက်ပြောဆိုနေကြရင်း မအောင့်နိုင်တော့တဲ့အဆုံး နှစ်ယောက်လုံးသား ထရယ်ကြတော့သည်။

နွေခါးကတည်ငြိမ်တယ်လို့ထင်ရပေမယ့် ခါလွန်မိုးအရှေ့ဆို တစ်ခါမှတောင်မထုတ်ပြဖူးတဲ့ ကလေးဆန်မှုတွေကို တန်းစီလုပ်ပြတက်သည်။ တစ်ခါတခါဆို ခါလွန်မိုးပါအံ့သြရလောက်တဲ့အထိပေါ့။

ခါလွန်မိုးကသူတို့အိမ်ရဲ့အငယ်ဆုံးလေးဖြစ်တဲ့အပြင် သူ့ကိုသည်းသည်းလှုပ်တဲ့အစ်မတွေကိုချည်းပိုင်ဆိုင်ထားတော့ ခါလွန်မိုးကပြန်မပြောနားမထောင်နဲ့ တကယ့်ကိုးငဂျစ်ကလေးပင်။ အဲ့ဒီလို အစ်မတွေနဲ့ဆိုအမြဲတမ်း ဂျစ်တိုက်နေတဲ့ ကောင်လေးက သူ့ရည်စားတစ်ချက်ချွဲလိုက်တာနဲ့ ဘာကိစ္စကိုပဲဖြစ်ဖြစ် ချက်ချင်းလိုက်လျောပေးတယ်တဲ့လေ။

Pretty Man [ Complete ]Where stories live. Discover now