Extra - 1

2.5K 154 5
                                    

Extra1 [ နွေခါးကချော့ရလွယ်တယ်  ]

( Unicode )
-
-
-
-
KN Event Planning Services ထဲကို ခါလွန်မိုးဝင်လာတာကိုမြင်တာနဲ့ ဝန်ထမ်းတွေအားလုံးက တလေးတစားနှုတ်ဆက်ကြသည်။ တစ်ခြား Company တွေမှာဆို ရာထူးမြင့်ဆုံးလူက သေချာပေါက်ဘော့စ်ဆိုပေမယ့် သူတို့ KN မှာကတော့ ဘော့စ်ထက်ရာထူးမြင့်တဲ့လူရှိသည်။ အဲ့တာက တစ်ခြားလူတော့မဟုတ် ဘော့စ်ရဲ့အသည်းအသက်ကလေးပင်။

Company နာမည်ကိုပဲကြည့်။ အများစုက KN က နွေခါးရဲ့ နာမည်အတိုကောက်ကို ပြောင်းပြန်ယူထားတယ် ထင်ကြပေမယ့် တက်တက်စင်အောင်လွဲနေတာပဲ။ တကယ်တော့ KN က ခါလွန်မိုးရဲ့ နာမည် Khar နဲ့ နွေခါးရဲ့နာမည် Nway ရဲ့အတိုကောက်တွေပင်။ Company ပိုင်ရှင်ကသူဖြစ်ပါလျက်နဲ့ ရည်းစားနာမည်ကိုအရှေ့မှာထည့်ပြီ အဲ့လို ခါလွန်မိုးထိပ်ထားစံတဲ့ ကျွန်မတို့ဘော့စ်ပါ။ 

" ကိုခါလွန် ဘော့စ်က... "

" Customer တွေနဲ့စကားပြောနေတာလား "

" ဟုတ်ကဲ့ဗျ "

" ဒါဆို အစ်ကိုအပြင်မှာပဲစောင့်နေလိုက်မယ်။ "

ရုံးခန်းထဲမှာ Customer တွေနဲ့စကားပြောနေတဲ့ နွေခါးကိုလှမ်းကြည့်ရင်း ခါလွန်မိုးမျက်နှာ၌ အပြုံးများဖြစ်တည်လာသည်။ နွေခါး Event Planner လုပ်မယ်ပြောတုန်းက ဒီအတိုင်းအပြောသပ်သပ်ပဲထင်ခဲ့တာ။ ဒီအလုပ်ကလူတွေအများကြီးနဲ့ ပြောဆိုဆက်ဆံရမှာမို့ နွေခါးလုပ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

တကယ်လည်း နွေခါးအတွက်အများကြီးခက်ခဲခဲ့တယ်။ ပိုဆိုးတာက နွေခါးကစိတ်ရှုပ်မခံနိုင်ဘူး။ ခါလွန်မိုးကြောင့်သာ အရာအားလုံးကိုအဆုံးထိ သည်းခံရင်း ဖြတ်ကျော်လာနိုင်ခဲ့တာ။

ကျွန်တော်ကဟန်နီရဲ့အနီးဆုံးမှာပဲနေချင်တာ။
ကိုယ့်ရဲ့နွေခါးအတွက်အများကြီး ဂုဏ်ယူတယ်။

" ဟန်နီ "

အလုပ်ပင်ပန်းလို့ မျက်နှာသေကြီးဖြစ်နေတဲ့နွေခါးရဲ့မျက်နှာက ခါလွန်မိုးကိုတွေ့တာနဲ့ ဖုံးမနိုင်ဖိမနိုင်နဲ့ ပျော်ရွှင်နေသည့် အရိပ်အယောင်များပြည့်နှက်သွားသည်။

Pretty Man [ Complete ]Where stories live. Discover now