Extra - 4

994 63 4
                                    

Extra - 4
-
-
-

" ကျွန်တော် နွေခါးနဲ့ရန်ဖြစ်ထားတယ် "

" ဟမ်! "

အရှေ့မှာထိုင်နေတဲ့ သူ့မောင်ဆီကကြားလိုက်ရတဲ့စကားကြောင့် ဖြူသွေးမိုးမှာအာမေဍိတ်အသံတောင်ထွက်မိသည်။ ဒါက ဒီ ၅ နှစ်အတွင်း သူပထမဆုံးကြားဖူးတဲ့ စကားပဲ။ အချစ်တွေနဲ့ပြည့်နှက်ပြီ သကြားထက်တောင်ပိုချိုရဲနေတဲ့ အတွဲကရန်ဖြစ်တယ်ပေါ့လေ...။ ဘာကြောင့်ဖြစ်ကြမှန်းမသိသေးပေမယ့် သူ(မ) သေချာပေါက်ပြောနိုင်တာကတော့ သူ့မောင်ဘက်ကနေ စတယ်ဆိုတာပါပဲ။

" ဘယ်လိုဖြစ်ကြတာလဲ "

" ဒီလို.... ကုမ္ပဏီမှာ ကျွန်တော်အတွက် ကြော်ငြာတစ်ခုရောက်လာတယ်။ သူတို့ဘက်ကဗျာ ကြော်ငြာကို ၁၅ မိနစ် short film မျိုးရိုက်ချင်တာ "

" နေပါဦး အဲ့တာက ဘာပစ္စည်းကြော်ငြာမလို့ နင်တို့ရန်ဖြစ်တဲ့အထိဖြစ်ကြတာလဲ မဟုတ်မှ... comdom!!! "

သူ့ဟာသူထင်ချင်ရာထင်ကာ အလန့်တကြားနဲ့ ထအော်လိုက်တဲ့ ဖြူသွေးမိုးအသံကြောင့် ဆိုင်ထဲကတစ်ခြားဧည့်သည်တွေက သူတို့မောင်နှမဝိုင်းကို ကွက်ကြည့်ကွက်ကြည့်၊ကြည့်လာကြ၏။

ထိုအခိုက်အတန့်၌ သူ့အစ်မကြောင့် ခါလွန်မိုးခင်များ အငွေ့ပျံ့ပြီးတာ ပျောက်ကွယ်သွားလိုက်ချင်တော့တယ်။

" ပြောတာကိုဆုံးအောင် ငြိမ်ငြိမ်ပါးစပ်ပိတ် နားထောင်ပေးလို့ရမလား "

" သြော် အဲ့တာဆို comdom မဟုတ်ဘူးပေါ့ "

" ဖြူသွေးမိုး!!! "

" Sorry,Sorry ပြောပြော နင်ဆက်ပြော ပါးစပ်ပိတ်ထားပေးမယ် "

" ပြောတာတောင် ဘယ်ထိရောက်သွားပြီလဲ မသိဘူး! "

" short film ရိုက်ချင်တယ်တဲ့နားလေးမှာ ရပ်နေတာ "

" အင်း...သူတို့က short film ရိုက်ချင်တာ။ ပြဿနာကဘာလဲသိလား သူတို့က သရုပ်ဆောင်ကို ကျွန်တော့်အပြင် နွေခါးကိုပါလိုချင်တာတဲ့! "

" ငါနားမလည်တော့ဘူး သူတို့ကနွေခါးကိုဘာလို့လိုချင်တာလဲ မော်ဒယ်လည်းမဟုတ်ဘူး၊မင်းသားလည်းမဟုတ်ဘူးလေ "

Pretty Man [ Complete ]Where stories live. Discover now