Ep - 11

3.2K 194 3
                                    

( Unicode )
-
-
-

ည၁၁နာရီကြီးမှ Khar Lon Moe added a new post ဆိုတဲ့ notice တက်လာတာကြောင့် နွေခါး facebook ထဲကိုဝင်ကြည့်လိုက်သည်။ ပုံအနေအထားကြောင့် ဟန်နီ Night out ထွက်နေတာများလားလို့ နွေခါးတွေးမိသည်။ လက်ထဲမှာလည်း အရက်ခွက်ကိုကိုင်ထားသေးသည်။

နွေခါးထင်သလိုပဲ ခါလွန်မိုးသူ့အစ်မသုံးယောက်နဲ့ Club ရောက်နေသည်။ လက်ရှိမှာ သူတို့မိဘတွေက နိုင်ငံခြားရောက်နေကြတာမို့ မောင်နှမလေးယောက်ကဆိုးတူကောင်းဖက် ဘယ်သွားသွား၊ဘာပဲလုပ်လုပ် တိုင်တိုင်ပင်ပင်ရှိကြသည်။ အခုလည်း club သွားချင်တဲ့အကြောင်းကို ပိတောက်မိုးကနေစလိုက်ဖြစ်ပြီ အကြီးမဖြူသွေးမိုးက မရရအောင် အကောင်အထည်ဖော်သည်။ မလိုက်ဘူးငြင်းနေကြတဲ့ အလတ်မကြယ်စင်မိုးနဲ့ အငယ်ဆုံး ခါလွန်မိုးတို့ကိုလည်း မလိုက်လိုက်ချင်အောင်စည်းရုံးကာ လေးယောက်သာရထားတွဲကြီးလိုပဲ Club ကိုရောက်လာကြတော့သည်။

'ငရှုပ်ကောင်လေး'ဆိုတဲ့နာမည်နဲ့ ခါလွန်မိုးဆီကို ဖုန်းဝင်လာတာကြောင့် ဒီအချိန်ကြီးဘာလို့ဆက်တာပါလိမ့်လို့ တွေးရင်းဖုန်းကိုင်လိုက်သည်။

" Hello နွေခါး...ပြော "

" ဟန်နီ အခုဘယ်မှာလဲ "

" ဟမ်! ဘာပြောလိုက်တာလဲ ကိုယ်မကြားရဘူး။နေဦး ခဏ...ခဏ "

သီချင်းသံတွေက တအားဆူညံ့နေတာကြောင့် နွေခါးပြောတာကို သူ့ဘက်ကသေချာမကြားရ။ ဒါကြောင့် သီချင်းသံတွေနဲ့ နည်းနည်းဝေးတဲ့နေရာကို ခါလွန်မိုးထွက်လာခဲ့သည်။

" ပြောလို့ရပြီ နွေခါး ပြောတော့ "

" ဟန်နီအခုဘယ်မှာလဲ "

" ကိုယ် Club ရောက်နေတာ "

" တစ်ယောက်တည်းလား "

" မဟုတ်ဘူး ကိုယ့်အစ်မတွေနဲ့လာတာ။ အစ်မသုံးယောက်လုံးပါတယ်။ "

" ကျွန်တော်ဟန်နီကိုစိတ်မချဘူး။ "

" မင်းကကိုယ့်ကိုစိတ်မချဘူး ဟုတ်လား... ဘာလို့လဲ "

" လှလို့...ကျွန်တော့်ဟန်နီကသိပ်လှနေလို့ တစ်ခြားလူတွေ အန္တရာယ်ပြုလာမှာ ကျွန်တော်စိုးရိမ်တယ်။ "

Pretty Man [ Complete ]Where stories live. Discover now