Ep - 9

3.3K 211 0
                                    

( Unicode )
-
-
-

ခါလွန်မိုးရဲ့ရိုက်ကူးရေးတိုင်းအတွက် သူ့အစ်မပိတောက်မိုးကပဲ မိတ်ကပ်ပြင်ဆင်ပေးသည်။ နှစ်ယောက်သားက ကျန်တဲ့အချိန်တွေသာမတည့်တာ အလုပ်လုပ်တဲ့အချိန်ဆို တစ်ယောက်ကိုတစ်ယောက်လေးစားကြသည်။

" ဒါဆို ငါပြန်ပြီနော် အငယ်ကောင် "

" နောက်ထပ်ပြင်စရာမှမရှိတော့တာ။ သွားလေ... "

သဘာဝအတိုင်းဖြစ်အောင် မိတ်ကပ်ပါးပါးသာလိမ်းရကြောင့် ပိတောက်မိုးကသူ့တာဝန်ပြီးတာနဲ့ ပြန်ဖို့တာစူနေသည်။ Facebook Page မှာတင်မယ့်ပုံတွေပဲဆိုတော့ ဝတ်စုံအားလုံးကို makeup Looks တစ်မျိုးတည်းနဲ့သာသွားမည်။

ခါလွန်မိုး၏ မိတ်ကပ်၊ အဝတ်အစား အားလုံးပြင်ဆင်ပြီးသွားတာနဲ့ ဓာတ်ပုံရိုက်ကူးရေးစတင်သည်။

" ဟန်နီ..."

နွေခါးကလက်ပြကာလှမ်းခေါ်လိုက်သော်လည်း ပိုစ့်မျိုးစုံပေးကာ အလုပ်ထဲစိတ်နစ်နေတဲ့ ခါလွန်မိုးကဘာမှမကြားပေ။ သူ့ကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ နွေခါးကထပ်တောင်မခေါ်တော့ပဲ ငြိမ်ငြိမ်ကလေးသာရပ်နေသည်။

ယောကျ်ားတစ်ယောက်က အလုပ်အပေါ်အာရုံစိုက်နေတဲ့အချိန်ဆို ဒီလောက်ထိစွဲမက်စရာကောင်းလိမ့်မှန်း နွေခါးနားလည်ခဲ့သည်။ အဖြူရောင် T-Shirt ပေါ်မှာ အညိုရောင် ဆွယ်တာလေးကိုထပ်ဝတ်ထားပြီ style pant အနက်နဲ့ ထိုအမျိုးသားက ရိုးရိုးရှင်းရှင်းနဲ့ကို ဆွဲဆောင်မှုရှိသည်။ မျက်မှန်လေးပါတပ်ထားသေးတော့ တကယ့်ကို ရွှေရင်အေး အကြည်ဓာတ်ကလေးပင်။

" ဘယ်တုန်းကတည်းက ရောက်နေတာလဲ နွေခါး "

အဝတ်အစားနောက်တစ်စုံလဲဖို့အတွက် ခဏနားတဲ့အချိန်မှပဲ နွေခါးရှိနေတာကိုခါလွန်မိုးတွေ့လိုက်သည်။

" နည်းနည်း...နည်းနည်းလေးတော့ ကြာပြီ "

" Sorry...ကိုယ်သတိမထားမိလိုက်ဘူး။ "

" ဟင့်အင်း ရပါတယ်။ ဟန်နီအလုပ်လုပ်နေတာကိုကြည့်ရတာ ပျော်ဖို့ကောင်းတယ်... "

" ဟန်နီသိလား...ဟန်နီအခုတအားချစ်ဖို့ကောင်းနေတာကိုး "

" ကိုယ်တော့မင်းကိုလာခိုင်းမိတာမှားပြီထင်တယ်။ "

Pretty Man [ Complete ]Where stories live. Discover now