Ep - 8

3.5K 225 0
                                    


-
-
-

ကျောင်းချိန်လည်းနီးနေပြီမို့ ခါလွန်မိုးရေမိုးချိုးပြီးနောက် ကျောင်းဝတ်စုံလဲနေတုန်း သူ့အခန်းထဲကို ဝုန်းဒိုင်းကြဲဝိုင်းချလာတဲ့ ကြယ်စင်မိုးကြောင့် လိပ်ပြာလွှင့်မတက်လန့်သွားရသည်။

" အလတ်မ!!! လာရင် အခန်းကိုအရင်တံခါးခေါက်ပါဆိုဟာ နွားကိုပလာတာကျွေးနေရသလိုပဲ ဘယ်နှစ်ခါပြောပြောမရပါလား "

" အဲ့တာတွေထားစမ်းပါ...အရေးကြီးကိစ္စရှိတယ် "

ကြယ်စင်မိုးကသူ့မောင်အနားကိုကပ်သွားကာ ဘေးနားပတ်လည်ကို နှာခေါင်းတရှုံ့ရှုံ့နဲ့ အနံ့ခံနေ၏။

" နင့်အနားကသွေးညှီနံ့ရနေတယ် အငယ်ကောင်။ တစ်ယောက်ယောက်က နင့်အသက်ကိုရန်ရှာလိမ့်မယ်... "

" ဘယ်သူလဲ...ဘယ်သူကရန်ရှာမှာလဲ "

" ဟင့်အင်း အဲ့တာတော့ငါမသိဘူး။ သွေးတွေပေကျံနေတဲ့ နင့်ကိုပဲမြင်လိုက်တာ။ ဒီတလောအတွင်းတော့ သတိထားပြီသွားလာဦး "

" အင်း။ ကျွန်တော်သတိထားပါ့မယ်။ မားမားတို့ကို သွားမပြောနဲ့ဦးနော် သပ်သပ်မဲ့စိတ်ပူနေကြဦးမယ် "

" ငါသိပါတယ်ဟ။ နင်သာကိုယ့်ကိုကိုယ်ဂရုစိုက် အငယ်ကောင်"

တစ်ခြားသူတွေအနေနဲ့ဆို မယုံကြည်နိုင်စရာကိစ္စဆိုပေမယ့် ဒါကအမှန်တွေသာဖြစ်သည်။ မိသားစုထဲမှာ အလတ်မကြယ်စင်မိုးကသာမာန်မဟုတ်။ သူအပင်ပန်းဆုံးအချိန်ကိုရောက်တဲ့အခါ သူအနာဂတ်မှာမြင်တွေ့ရမယ့် မြင်ကွင်းတစ်ချို့ကို အိမ်မက်ထဲကြိုမြင်လေ့ရှိသည်။ ဒါအပြင်လုပ်တဲ့အလုပ်ကလဲ စာရေးဆရာမဆိုတော့ ကြယ်စင်မိုးကသူတို့မောင်နှမတွေထဲမှာရူးကြောင်ကြောင်အနိုင်ဆုံးနဲ့ အထူးခြားဆုံးပင်။

သူ့အစ်မအလတ်ဆီက ကြားခဲ့ရတဲ့စကားတွေကြောင့် လေးလံနေတဲ့စိတ်တွေဖြစ် ခါလွန်မိုးကျောင်းကိုရောက်လာသည်။ ကျောင်းထဲဝင်လာခါစတုန်းကတော့ မျက်နှာကစိုးရိမ်စရာတွေရှိနေတဲ့ပုံနဲ့ဆိုပေမယ့် သူ့ကိုမြင်တာနဲ့ နှုတ်ဆက်၊ပြုံးပြနေတဲ့ လူတွေကြောင့် ခါလွန်မိုးမျက်နှာထက်၌လည်း အပြုံးတွေ ဖောဖောသီသီဝေဆာနေသည်။

Pretty Man [ Complete ]Where stories live. Discover now