(🆉)
ချိုင်းပြတ်စွပ်ကျယ်နှင့် ဘောင်းဘီတို ပွပွ။ နှစ် ယောက်စလုံး Boxing လက်အိတ်ကိုဝတ်ထားကြသည်။
"ဒီနေ့က မြင်ရတဲ့အတိုင်း Boxing ထိုးမှာပါ အလောင်းကစားတော့မရှိပေမဲ့ ဘယ်သူနိုင်မလဲဆိုတာ မသိသေးပါဘူး "
"အကုန်လုံးသိနေတဲ့ဟာ ကိုယ်ပဲပေါ့ ငါးဖောင်ရိုး လေးရယ် "
"မင်းနော် အထင်သေးတာလား "
"ခါးပတ်နက်နော် အသေးလေး "
"မကောင်းတဲ့ကောင် သေဖို့သာပြင်ထား "
ထယ်ယောင်းနဲ့ ဂျောင်ကုနဲ့ Boxingထိုးသည်မှာ ဂျောင်ကုက တမင်ပင် ထယ်ယောင်းကို မထိအောင်ထိုးပြီး သူကိုယ်တိုင်ကလည်း ရှောင်သည်။
ထယ်ယောင်းကမူ တကယ် အပီအပြင်စော်တာ ။ ဒါပေမဲ့လည်း လိမ်သွားတဲ့ လက်နှင့် လူက လက်နောက်ပြန် ချုပ်ခံလိုက်ရသည်။
"အာ့ ဂျွန်ဂျောင်ကု "
"အခုက ညည်းရမဲ့အချိန်မဟုတ်သေးဘူး "
ဒေါသထွက်ထွက်နဲ့ ခေါင်းနဲ့ နောက်ပြန် စောင့်လိုက်သော်လည်း ကိုယ့်ခေါင်းက ဂျောင်ကုပုခုံးပေါ်ကိုသာ မှီသလိုဖြစ်သွားသည်။
"မင်း မညစ်နဲ့နော် "
နောက်တစ်ခေါက် ပြန်ထိုးပြန်တော့လည်း မနိုင်သည့်အပြင် လူက ယုန်ဗလရဲ့ ပုခုံးပေါ် ထမ်းတင်ခံလိုက်ရသည်။ ဖင်ကိုလည်း တဖြန်းဖြန်းရိုက်နေတာ
"ယုတ်မာတယ် "
မကျေနပ်ချက်နဲ့ သူမြင်နေရတဲ့ တင်ပါးကို တဘုန်းဘုန်း ထုရိုက်ပစ်လိုက်သည်။ ကျောကုန်းတွေကိုလည်း ရိုက်ပစ်လိုက်မှ ပြန်ချပေးတာ ။ စပ်ဖြဲဖြဲရယ်နေတာက အမြင်ကပ်စရာပင် ။
"ခွပ်! "
သွားပြီ တကယ်သွားပြီ ဂျောင်ကုမျက်နှာကို တကယ်ထိသွားတာ ။
ထယ်ယောင်းအံ့ဩကာ ပါးစပ်ကိုလက်နဲ့ ပိတ်လိုက်ချိန် ဂျောင်ကုက လက်အိတ်ကို ချွတ်နေလေပြီ ။
အခြေနေမဟန်တော့တာကြောင့် ထယ်ယောင်း ထွက်ပြေးရန် ပြင်လိုက်သည်။ ဂျောင်ကုကလည်း အနောက်ကလိုက်လာလေပြီ ။
YOU ARE READING
VLOG 1 {Completed}
FanfictionJeon Jungkook & Kim Taehyung Taekook Couple Vlog Ss 3 မျိုးရှိပါတယ် Ss 0 Ss1 Ss 2 #CrdForAllPictures #Taeyu9597 #OwnCreation 💫