Epi 9: Questions

612 52 16
                                    

(🆉)

အိမ်ပြန်ရောက်သည်အထိ ငူငူငိုင်ငိုင်ကြီး လမ်းလျှောက်နေသည့် ထယ်ယောင်းကြောင့် ဂျောင်ကု ပုခုံးလေးကို ဆွဲလှည့်လိုက်သည်။

"အာ ကလေးလေးရာ ဘာလို့ငိုနေရတာတုန်း "

မျက်ရည်တွေ ဆက်တိုက်စီးကျနေတာတွေ့တော့ ဂျောင်ကု နေလို့မကောင်းတော့ ။ လက်မလေးနဲ့ ဖိသုတ်ပေးလိုက်သည်။ အသက်ထက်ပိုချစ်ရသူမလို့ ထယ်ယောင်း ငိုနေရင်တောင် ဂျောင်ကုမကြိုက်ပါ။ ဒီ လူကြီးလေး ငိုရင် နှလုံးကိုဖြစ်ညှစ်ထားသလိုပဲ ။

"ကိုယ်တောင်းပန်တယ်နော် ဟုတ်ပြီလား "

ဖက်တွယ်ပြီး ချော့သည်တိုင် စကားမပြော ပြန်လည်းမဖက်ပဲ မျက်ရည်ကြီး ကျနေတာ ။

"တစ်ခုခုပြန်ပြောပါကွာ ကိုယ့်ကို သေစေချင်လို့ လား "

"I.U Sambae ကို အရမ်းချစ်တာပဲလား "

"မဟုတ်တာ Idol တစ်ယောက်လို လေးစားတာပါ အချစ်ရယ် လျှောက်မတွေးနဲ့နော် "

"ဘာလို့ သူနဲ့ အတူရှိနေတာလဲ? "

"ခွေးဆိုင်မှာ တွေ့လို့ စကားပြောရုံတင်ပါ "

"မင်း သူ့ကို ချစ်ခဲ့လား အချစ်ဦးလား အခု မင်းငါ့ကို ချစ်တာသိပေမဲ့လည်း တစ်နေ့ သူ့ကိုစိတ်ပြန်ယိုင်သွားရင် ဘယ်လိုလုပ်မလဲ "

"မလိုအပ်တာတွေ စိတ်ပူနေပြန်ပါပြီကွာ "

ဆိုဖာပေါ်ထိုင်ပြီး ပေါင်ပေါ်ပွေ့တင်တော့မငြင်း ။

"သူ့ကိုချစ်တယ်ဆိုတာ Idol တစ်ယောက်လိုပါပဲလို့ အချစ်ဦးက ဒီ ကင်မ်ထယ်ယောင်းလေးပဲဟာကို အချစ်ဆုံးက နှစ်ယောက်မရှိတဲ့ ထယ်ယောင်းလေးပဲမလို့ နောက်တစ်ယောက်ကို စိတ်ယိုင်ဖို့ဆိုတာ မ ဖြစ်နိုင်တဲ့အရာပါ "

နည်းနည်းစိတ်လျော့သွားတဲ့ပုံပေါ်ပေမဲ့ မကျေနပ်တာတွေ တစ်ခုပြီးတစ်ခုမေးတော့မယ်ဆိုတာ ဂျောင်ကုသိတယ် ။

"မင်း သူနဲ့ စကားထိုင်ပြောနေတဲ့ဟာ ရယ်လည်းရယ်ခဲ့သေးတယ်မလား "

"ပြုံးရုံလောက်ပါပဲ စကားကတော့ လူတိုင်းပြောတယ်လေ "

"သူ့ကိုတွေ့တော့ ဘယ်လိုခံစားရလဲ "

VLOG 1 {Completed}Where stories live. Discover now