Epi 19: My Siblings Are Taekooker

497 41 35
                                    

(🆉)

စိတ်မကောင်းတဲ့အခန်းလား ဒါမှမဟုတ် ချစ်စရာ ကောင်းတဲ့အခန်းလား

ဘယ်လိုသတ်မှတ်ရမလဲမသိသော Memory အဖြစ်အပျက်တစ်ခု။

Ent တုန်းက ထုံးစံအတိုင်း စိတ်ကောက်ရာကနေ ဖြစ်ပျက်လာခဲ့သည်ပေါ့။

"ခေါင်ရမ်းပန်းကလေး ပွင့်လာပါပြီကွယ် "

ခေါင်ရမ်းပန်း ဂိမ်းကစားတုံးက ကိုရီယားရိုးရာဝတ်စုံတွေဝတ်ပြီး ကစားရတာ။

ထယ်ယောင်းတစ်ယောက် ဖိနပ်ချွတ်ပြီး ခြေကားယားကြီးနေနေသည်။ တစ်ယောက်တည်း ပေါက်ကရတွေ ဆော့နေတာ ။

သူ့အလှည့်ရောက်တော့ ဂျောင်ကုကလည်းပါသည်။

"ခေါင်ရမ်းပန်းကလေး ပွင့်လာပါပြီကွယ် "

ပြောပြီးမှ ကိုယ်ကိုလှည့်လိုက်တော့ အကုန်လုံးက ကျောက်ရုပ်လိုနေနေကြရသည်။

လှုပ်လိုက်တာနဲ့ သေမည်သာ။

ဂျောင်ကုရှိတဲ့နေရာကိုသွားပြီး နားတွေဘာတွေကလိ လိုက်မိသေးသည်။

နောက်တစ်ခေါက်ထပ်ပြောတော့ ဂျောင်ကုက ကြမ်းပြင်မှာ ဒိုက်ထိုးသလိုပုံကြီး ။ ရုပ်က ပြုံးစိစိနဲ့။

ထယ်ယောင်း ဖုန်းကိုယူပြီး ဂျောင်ကုအောက်ဝင်ကာ ပုံရိုက်လိုက်သည်။

"ခစ်ခစ် ဂျောင်ကုရှီး ငါ့ကိုနမ်းချင်လား အခု "

နှုတ်ခမ်းစူပြီးပြောလိုက်သည်။ ဂျောင်ကုက ဘာမှမပြောနိုင်။ တော်တော်လေး ခံရခက်နေမယ်ဆိုတော့ သိတယ်။

"ခေါင်ရမ်းပန်းကလေး ပွင့်လာပါပြီကွယ် "

ထယ်ယောင်းအနားကိုရောက်တော့မဲ့ ဂျောင်ကုက ရုပ်ကိုစပ်ဖြီးဖြီးနဲ့ ။

ထယ်ယောင်း မေးလေးကို တို့ပြီးစနောက်လိုက်သည်။

မျက်နာမျိုးစုံကို ပြောင်ပြီးနောက်မှာတော့ ဂျောင်ကုက ရှုံးသွားခဲ့တယ်။

"တွေ့မယ် ကင်မ်ထယ်ယောင်းရှီး "

"ငါက ချစ်လို့ စတာလေ ရှုံးအောင်လုပ်တာမဟုတ်ဘူး မင်းက မခံနိုင်တာ "

VLOG 1 {Completed}Where stories live. Discover now