(🆉)
"YeonYeonရား မင်း Daddyကို သွားနှိုးရအောင် "
Kim Yeontanက အမြီးတစ်ရမ်းရမ်းနဲ့ အနောက်ကနေလိုက်လာသည်။
"အို ဂျောင်ကုရှီး ထပါတော့ မနက်မိုးလင်းနေပါပြီ "
ခါတိုင်းဆို ဂျောင်ကုက အစောကြီးထပြီး နှိုးလေ့ရှိပေမဲ့ သူက ဒီနေ့မှ အစောကြီး နိုးနေတာ ။
မီးခိုးရောင်စောင်ကိုဖယ်လိုက်တော့ အပေါ် ပိုင်းဗလာနဲ့အိပ်နေတာရော ။ အဲ့အကျင့်က အရင်ကတည်းက ၊ ညဖက် အဝတ်အစားဝတ်အိပ် ရင်တောင် ညသန်းခေါင်ကြ ယောင်ယမ်းပြီး သူ့အလိုလို အပေါ်ဝတ်ကိုချွတ်ပစ်ပြီး အိပ်တာ ။
"ထတော့ ဒီနေ့ လိုချင်တာဝယ်ပေးမယ်လို့ ကတိ ပေးထားတယ်လေ "
ပြွတ်စ်
"Ummmm..."
နှုတ်ခမ်းကြီး စူပြီး ပြန်အိပ်နေလေရဲ့ ။
"ပြွတ်စ် ထတော့လို့ဆို "
"YeonYeon လျက်လိုက်တော့ "
Tanလေးက ထယ်ယောင်စကားကိုနားထောင်ပြီး ဂျောင်ကုကို လျက်တော့သည်။
"အင်း...ဟာကွာ "
မနက်စောစော နိုးနိုးချင်း ချစ်ရသူနဲ့မနမ်းရပဲ ဖင်မဲကောင်က လာလျက်တယ် ။
"အာ ဘေဘီ... Love? ကိုယ့် အချစ်လေး ဘယ် ရောက်နေလဲ!? Jeon Yeontan ကိုလာခေါ် "
"Kim Yeontanပါနော် ငါ့သားပါ "
မျက်လုံးမဖွင့်ပဲ အော်ဟစ်နေရာကနေ ထယ်ယောင်း အသံလည်းကြားရော မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လေတယ် ။
"Love ကလည်း ဖင်မဲကောင်ကို နှိုးခိုင်းရလား "
"Dear နော် YeonYeon ကိုအဲ့လိုမျိုးတွေ ပြောတာမကြိုက်ဘူး သူက ငါတို့သားလေးပဲဟာကို "
စိတ်မကြည်လို့ထင်တယ် နှုတ်ခမ်းကြီးကို ထော်လို့ ၊ ချစ်ဖို့ကောင်းလိုက်တဲ့ ဂျောင်ကုကီ ငါ့ကလေးလေး
"ကိုယ်က နိုးရင် အချစ်အနမ်းပဲ လိုချင်တဲ့ဟာ "
ပြွတ်စ်
ထော်ပြီး စူပုပ်နေတဲ့ ပါးလျလျနှုတ်ခမ်းကို နမ်းပေးလိုက်သည်။ ဒါလည်း ဂျောင်ကုတို့ အလိုမကျသေး ။
![](https://img.wattpad.com/cover/332764721-288-k549933.jpg)
YOU ARE READING
VLOG 1 {Completed}
Hayran KurguJeon Jungkook & Kim Taehyung Taekook Couple Vlog Ss 3 မျိုးရှိပါတယ် Ss 0 Ss1 Ss 2 #CrdForAllPictures #Taeyu9597 #OwnCreation 💫