Epi 10: Broken Vlog

651 54 32
                                    

(🆉)

"Bam လာ သွားမဆော့နဲ့တော့ မိုးချုပ်နေပြီ "

Camping ထွက်လာတဲ့ ​ဂျောင်ကုနဲ့ထယ်​ယောင်းက ထင်းမီးဖိုပုံပြီး ညစာအတွက် ပြင်ဆင်ကြသည် ။

တစ်​နေကုန်လုံး အနားပတ်ဝန်းကျင်ကို လမ်း​လျှောက်လိုက် ဆော့လိုက် Bam ၊ Yeontan နဲ့ပါ ပတ်ပြေးကစားလိုက်လုပ်နေတာ ညဘက်ရောက်တော့ ​ဂျောင်ကုက သုံးထပ်သားကို အသားကပ်သည့်မီးဖိုပေါ် ကင်နေ၏။

Bam က ဆော့လို့မဝသေးတာကြောင့် ထယ်ယောင်း ခေါ်နားခိုင်းလိုက်ရတယ် ။ Bamနဲ့ Yeontan အနားမှာငြိမ်သွားပြီဆိုမှ ထယ်ယောင်း ပါလာတဲ့ သစ်သီးတွေကို လှလှလေးပြင်ဆင်ပေး၏။

အသားကင်နေသည့် ဂျောင်ကုနားသွားကာ အနောက်ကနေဖက်သည် ။

"ဗိုက်ဆာနေပြီလား ရတော့မယ် ခဏလေး "

ဂျောင်ကုကအသားကင်နေရင်း သူ့မျက်လုံးနားကိုဖွဖွလေးပွတ်နေတာကြောင့် ထယ်ယောင်း အသာလေးကြည့်ကာ လက်နဲ့ဖွဖွလေးလုပ်ပေးလိုက်သည် ။

"ကူပေးမယ် "

"အချဉ်ရည်လုပ်ပေးမလား "

"အော "

"ဟိုမှာ အဆင်သင့်ထုတ်ပြီးသား အဲ့တာတွေကိုရောပြီး မွှေလိုက်ရုံပဲ "

"ဒါလား လက်ကိုဂရုစိုက်ဦးနော် ပူလည်းပူပြီး ကတ်ကြေးက လက်ထိဦးမယ် "

"ကျွန်တော်က ကျွမ်းနေပါပြီ အချစ်ကလေးကိုပဲ စိတ်ပူတာ "

"အွန်း အွန်း လေလေးက အေးနေတော့ နေလို့ကောင်းသားပဲ "

"In The Soop ကိုတောင်သတိရသွားတယ် အဲ့လိုခံစားချက်ပဲမလား "

"ဟုတ်တယ် အဲ့တုန်းကလည်း ငါတို့နှစ်ယောက် ဒီလိုမျိုးပဲ Bam နဲ့လည်း ဆော့သေးတာ "

"အခု ဖင်မဲလေးပါ ပါလာပြီ "

"မိသားစုလိုက် ဖြစ်သွားတာ "

"လာမြည်းကြည့်ဦး "

ဂျောင်ကုက လေမှုတ်ပြီး ထယ်​ယောင်းကို ခွံ့​ကျွေး​တော့ တမြုံ့မြုံ့ဝါးရင်း လက်မ​ထောင်ပြသည့် ​ဂျောင်ကုအသဲ​လေး ။

VLOG 1 {Completed}Where stories live. Discover now