(🆉)
(ကလေးမဖတ်ရအခန်းပါပါတယ် ဘူးဘူးလေးတွေ ပဲ ကြိုက်တဲ့ ဖက်ခ် တဲ့အခန်း)
"ဝုန်း! "
တိုက်ခန်းရဲ့ Password နှိပ်သံနှင့်အတူ တံခါးဖွင့်သံ ဝုန်းခနဲပါကြားလိုက်ရသည်ကြောင့် ထယ်ယောင်း မတ်တပ်ရပ်ပြီးသား ဖြစ်သွားသည်။
ပစ္စည်းတွေကို ဆွဲလာပြီး ကြမ်းပြင်ပေါ်သို့ချတာလည်း မနူးညံ့သလို မျက်နှာကလည်း တည်တံ့ပြီး မျက်မှောင်တို့ ကြုပ်ထားလေသည်။
ထယ်ယောင်း ကူညီပေးချင်တာကြောင့် အနားမှာသွားရပ်တော့ လှည့်တောင်မကြည့်ပဲ ပစ္စည်းတွေကို နေရာချနေတာ ။ ထယ်ယောင်းကို ရှိတယ်လို့တောင် မထင်တာ ။
"Dear~ "
ဝုန်း!
ထပ်ပြီး ပစ္စည်းချသံကို ကြားလိုက်ရပြန်သည်။
တုန်တက်သွားတဲ့ ကိုယ်လေးနဲ့အတူ ထယ်ယောင်းရဲ့ လည်ချောင်းမှ အသံတစ်သံထွက်လာသည်။
ဂလု~
ရေခဲသေတ္တာထဲကို စတော်ဘယ်ရီတွေ ဘူးလိုက် ဘူးလိုက်ထည့်ပြီးသော် တံခါးကို ညင်သာမှုမရှိ ကြမ်းတမ်းစွာ ပိတ်ပြန်သည်။
ထယ်ယောင်း မီးဖိုချောင်နားသွားပြီး စားပွဲပေါ်ကို လက်ကလေးနှစ်ဖက်တင်ထားကာ ခြေထောက်နှစ်ချောင်းကိုတော့ လိမ်ကျစ်နေအောင် ယှက်ထားမိသည်။
ဂျောင်ကုမလာခင်ကတည်းက ရေမိုးချိုးထားပြီးသလို မြူစွယ်ဖို့လည်း T-Shirt အကြီးကြီးတစ်ထည်သာ ဝတ်ထားတာ ။ အောက်က အတွင်းခံပဲပါတယ် ။
ခဏနေပါဦး ငါက ဘာလို့ကြောက်နေရတာလဲ အမှန်ဆို ငါက အကြီးလေ အကြီးက အငယ်ကို ပြန်ကြောက်ရမှာလား ။
"ဂျွန်ဂျောင်ကု! "
"ဘာလဲ!!! "
ဂလု~
"ဟို စကား...မ ပြောလို့လေ ဟင့် "
"ပြောစရာစကားရှိသေးလို့လား "
"ဟမ်? ဘာလို့လဲ မင်းကလည်း "
"လမ်းခွဲမယ်ဆို? အဲ့တာ ဘယ်သူက အရင်စပြောတဲ့ စကားလဲ "
"ငါလေ "
"အဲ့တာကြောင့် ပြောစရာစကားမရှိဘူး "
YOU ARE READING
VLOG 1 {Completed}
FanficJeon Jungkook & Kim Taehyung Taekook Couple Vlog Ss 3 မျိုးရှိပါတယ် Ss 0 Ss1 Ss 2 #CrdForAllPictures #Taeyu9597 #OwnCreation 💫