Epi 13: Avenge

617 54 20
                                    

(🆉)

"အခု ကျွန်တော့်ရဲ့ ကလဲ့စားချေမဲ့ အချိန်ရောက်ပါပြီ "

ထယ်ယောင်း ကုတင်ပေါ်မှာ အိပ်မောကျနေတုန်း ဂျောင်ကုက တစ်ဖက်အခန်းထဲတွင် Vlogရိုက်​နေတာဖြစ်တယ် ။

"ကျွန်တော် တကယ် လမ်းခွဲမယ်ပြောတုန်းက ရူးမတတ်ပဲ ကင်မ်ထယ်ယောင်းက ရက်စက်ပါတယ် "

"အဲ့တုန်းက ကျွန်တော် ကလေးတစ်ယောက်လို ငိုခဲ့တာ "

"အခု ကျွန်တော် ဖုန်းပြောဟန်ဆောင်မှာပါ ကောင်မလေးတစ်ယောက်နဲ့ ဖုန်းပြောတဲ့ပုံလုပ်ပြီး ထယ်ထယ် မကြားကြားအောင် ခိုးတွေ့တဲ့ပုံစံလေး "

"Baby Booလေးကို ပြန်ပြီး ကလဲ့စားချေပါတော့မယ် I.U Sambae နဲ့ဖုန်းပြောဟန်ဆောင်ချင်ပေမဲ့ ကျွန်တော့်ကလေးလေး ကိုမလုပ်ရက်ပါဘူး သူက တော်တော်ကို သဘောမကျတာ Sambaeရေ မီယား နဲယို "

ဂျောင်ကု ထယ်ယောင်းရှိနေတဲ့ အခန်းဖက်ကိုသွားတော့ အိပ်ပျော်နေဆဲဖြစ်တဲ့ သေးသေးလေး။

ပြွတ်စ်

"ထရတော့မယ် ကင်မ်ထယ်ယောင်းရှီး ညနေစောင်းကြီးအိပ်နေတာနော် ငြီးစိစိကြီးဖြစ်နေမှာပေါ့ "

ဂျောင်ကုကပြောတော့ အင်း အဲ လုပ်ပြီး ယောင်ကာ ဂျောင်ကုကို ဖက်တွယ်လာသည်။

"ညစ်ပတ်အိုး ရေမချိုးရသေးဘူးမလား အို ပေတူး "

"ဟင်းးး ရေချိုးပေး "

"ကိုယ်ချိုးပေးရင် ရေချိုးရုံနဲ့မပြီးဘူးဆိုတာ သိတယ်မလား "

"ယုတ်မာတာ "

"ယုတ်ယုတ်ပဲ မကြိုက်လည်းမတတ်နိုင်ဘူး "

"မကြိုက်ဘူးလို့မပြောပါဘူး ဝှား! ချီပါ "

"ကလေးမဟုတ်ပဲနဲ့ "

ဂျောင်ကု အငြင်းစကားသာပြောပေမဲ့ လက်ကတော့ ထယ်ယောင်းကို ချီပြီးသားပင်။

ရေချိုးခန်းထဲကို ချပေးလိုက်ပြီး ရေပူရေအေးပါ ကိုယ်တိုင်ဆက်ပေးလိုက်သည်။

"ရေချိုးလိုက်နော် မကြာစေနဲ့ "

"အွန်း "

VLOG 1 {Completed}Where stories live. Discover now