Epi 7: Live

678 51 46
                                    

(🆉)

" ကျွန်တော်တို့ ဒီနေ့ Couple ခွက်ဝယ်ခဲ့ပါတယ် တကယ် လှတယ် ဒီမှာကြည့် "-Th

"နောက်ပြီး ကျွန်​တော်တို့နှစ်​ယောက်ပုံနဲ့ ပန်းအိုး​လေးလည်း ဝယ်လာခဲ့​သေးတယ် အဲ့ဆိုင်က​လေ ကျွန်​တော်တို့နှစ်​ယောက်ပုံများလို့ ​ကြိုက်တာ​တွေအကုန်ဝယ်ယူခဲ့တယ်"-Th

"ထယ်ယောင်းရှီးတို့က လိုချင်တာဆိုဝယ်ချလာတာ ကြည့်ဦး ဒါတွေက ဘာလဲ ပြန်​ရောင်းမဲ့ ပစ္စည်းတွေလား နည်းတဲ့အပုံကြီးမဟုတ်ဘူး "

ဝက်ဝံလေးကတစ်ခွက် ယုန်လေးကတစ်ခွက်နဲ့ ခွက်အတူဆက်လိုက်ရင် နမ်းတဲ့ပုံစံ​လေး ။ ထယ်​ယောင်း၏ ​ဘေးနားတွင်​တော့ ဆင်တူဝယ်ခဲ့တဲ့ ပစ္စည်းတွေမနည်းမနောရယ် ထယ်​ယောင်းလိုချင်တဲ့ ပစ္စည်း​တွေဆိုတာ အများကြီး။

"ဒီကလေးလေးက လိုချင်လို့လေ Dearကလည်း "

"ပိုက်ဆံအသုံးအဖြုန်း နည်းနည်းလျှော့နော် အချစ်ကလေး ကြားလား"

"အာရားစော "

သိပါပြီ ပြောတာလေးကလည်း နှုတ်ခမ်းကိုထော်လို့ ။

ပစ္စည်းတစ်ခုပြီးတစ်ခုကြွားဖို့ ဟိုကိုင်သည်ကိုင်လုပ်နေသည်မလို့ အနားကိုထိုင်ပြီး ချိုင်းကနေမြှောက်ချီတော့ ပေါ့ပါးစွာပါလာသည့် ကျွန်တော့်ဘေဘီဟျောင်း​လေး ။

ပေါင်​ပေါ်တင်​ပေး​တော့ ရင်ခွင်ထဲမှာ အံဝင်ဂွင်ကျ ။ ကိုယ်လုံးအိအိလေးကို တစ်ချက်အသည်းယားစွာ ဖျစ်ညစ်လိုက်၍ ပါးဖောင်းဖောင်းလေးကို အကြာကြီးဖိနမ်းလိုက်သည် ။

"ဆက်ပြောလေ "

လှည့်ကြည့်လာတဲ့ ရုပ်ကလေးက ချစ်စရာလေး ။

အကြည့်ချင်းစုံတိုင်း ထယ်ယောင်း ရင်ခုန်မိတာတော့အမှန် ။ဂျောင်ကုကအရမ်းချောတာကြီး ။ ကြည့်နေတဲ့ ယုန်ကောင်ကြီးကို နမ်းလိုက်​တော့ ပြူး​ကြောင်​ကြောင်ဖြစ်သွား​သေးသည် ။

ထယ်​ယောင်း မခို့တရို့ပြုံးပြီး ​​ဂျောင်ကု​ပေါ်က ​ပြေးဖို့ကြံ​တော့ ​ဂျောင်ကုက သူ့အားကြီးနဲ့ ဆွဲချကာ ကြမ်းပြင်​ပေါ်သို့ လှဲပစ်သည် ။ အပေါ်ကနေ အနမ်းကြမ်းကြမ်းကြီးတွေရောက်လာတာကြောင့် ထယ်ယောင်း ရယ်သံမရပ်တော့ပေ ။

VLOG 1 {Completed}Where stories live. Discover now