Epi 20(Final): Vlog Happy Ending

916 53 30
                                    

(🆉)

"တကယ် အိပ်မက်လိုပဲ "

"ဟုတ်တယ် ကိုယ်ကောပဲ "

ဖာသာရှေ့တွင်ရပ်နေကြသည့် သူတို့နှစ်ဦးမျက်နှာတွင် ကြည်နူးမျက်ရည်များ ကျဆင်းနေခဲ့သည်။

ကြီးကျယ်ခမ်းနားသော Wedding တွင် နာမည်ကြီး အနုပညာရှင်များတက်ရောက်ပြီး သတင်း Media ပေါင်းစုံဟာလည်း ပြည့်နှက်လျက်ရှိသည်။

လိင်တူချင်းပေါင်းသင်းလို့ရသည့် ဥပဒေက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ကိုရီးယားမှာ တရားဝင်ခွင့်ပြုထားခဲ့ပြီးဖြစ်သည်။ (Ficအရပါ)

သစ္စာဆို လက်စွပ်လဲပြီးသည်နှင့် ဖာသာ၏ စကားဆုံးအောင် မစောင့်တော့ပဲ နှစ်ဦးသား လူအများရှေ့ နမ်းရှိုက်ကြပါတော့သည်။

သီချင်းကို အဖွဲ့လိုက်ဆိုကြပြီး ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲကို ကျင်းပကြခဲ့သည်။

"ချစ်တယ် ဂျောင်ကု အရမ်းပဲ "

"ကိုယ်လည်း အများကြီးချစ်တယ် "

ဒီနေ့မှာတင် နမ်းနေတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ မသိတော့ ။

"ဒါက တို့တွေရဲ့ လက်ဖွဲ့ "

"အိမ်နဲ့ကားလား? "

"ဟုတ်တယ် အဲ့မှာနေရင်နေကြ "

"ဟင့်အင်း ကျေးဇူးတင်ပေမဲ့ သားက ဂျောင်ကု လက်ဆောင်ပေးထားတဲ့ အိမ်မှာပဲနေမှာ "

"ဒီလို... မွေးရကျိုးနက်တဲ့သား "

"အမေ့သားပဲဟာ ဟီး "

မင်္ဂလာပွဲ ပြီးခါနီးတွင် ဓာတ်ပုံရိုက်မည်ဟုဆိုသော သတင်း Media တွေကြောင့် နှစ်ယောက်အတူတူရပ်ပြီး ထယ်ယောင်းက ဂျောင်ကုလက်မောင်းကို ချိတ်ထားသည်။

ခန်းမအရှေ့တွင် သူတို့နှစ်ဦး၏ မင်္ဂလာဓာတ်ပုံက ဝင့်ဝင့်ကြွားကြွားရှိနေပြီး။ အလှဓာတ်ပုံနှင့် နမ်းရှိုက်နေသည့် ပုံအကြီးကြီးတစ်ပုံသာ။

ညနေခင်း နေဝင်ပြီးသည်နှင့် လမ်းမီးရောင်တွေက လင်းထိန်လျက်ရှိပြီး ကားပေါင်းမြောက်မြားစွာက ကားလမ်းမပေါ်တွင် ရှုပ်ယှက်ခက်လို့နေသည်။

VLOG 1 {Completed}Where stories live. Discover now