(🆉)
"ဘာလဲ? ဒါက ဘာဖြစ်တာလဲ "
လိုင်းတက်တက်ချင်း Notiတွေ တအားတက်နေလို့ ကြည့်လိုက်တော့ အုပ်အုပ်ကြပ်ကြပ် သောင်းကျန်းနေကြသည့် Fanများ။
ဂျောင်ကုဖြေထားတဲ့ အဖြေတစ်ခုကြောင့်ပဲ ။
"အား! ဂျွန်ဂျောင်ကု ငါက ပြောခဲ့တယ်မလား! အား "
ဂျောင်ကုကို လိုက်ရှာတော့ Gameဆော့တဲ့အခန်း ရဲ့ Gameခုံမှာ ။ နီးစပ်ရာမှာရှိတဲ့ အရုပ်နဲ့ ကောက် ထုရိုက်လိုက်သည်။
"ငါပြောခဲ့တယ်လေ အခုဘယ်လိုလုပ်မှာလဲလို့ "
"အဲ့တာ အမှန်ပဲလေ အချစ်ကလည်း "
"အမေလည်း မြင်သွားမှာပဲ ရူးတော့မယ် "
"ဘာမှမပြောလောက်ပါဘူး သူလည်း ကျော်ဖြတ်ခဲ့ရတဲ့ဟာ "
"ဂျွန်ဂျောင်ကု! "
"အာရားစော မပြောတော့ဘူး "
"ငါ ဒီနေ့ Vlog မရိုက်တော့ဘူး "
"စိတ်ဆိုးသွားတာလား ဘေဘီ Dearလေးက တောင်းပန်ပါတယ်လို့ "
"ကြက်သီးထဖို့ကောင်းအောင် ချွဲမနေနဲ့ "
"Loveကလေးက မကြိုက်လို့လား "
ပြန်တောင်မဖြေတော့ ဖင်ခါပြီး ထွက်သွားလေသည်။
Gameဆော့နေတာ အာရုံမရတော့တာကြောင့် အခန်းထဲက ထွက်လာလိုက်သည်။ စိတ်ကောက်တော်မူနေသည့် ကိုယ်တော်ချောလေးကို ရှာတော့ ဖင်မဲကောင်နဲ့ဆော့နေတာ ။
ဟိုကောင်က နှုတ်ခမ်းတွေကို လိုက်လျက်နေတာ အနားကိုသွားပြီး မ ယူလိုက်သည်။
"ဘာလုပ်တာလဲ "
"ဖင်မဲကောင် မင်းကို နှုတ်ခမ်းမနမ်းရဘူးပြောထားတယ်လေ "
"ငါ့သား ငါနမ်းတာပဲ ဘာဖြစ်လဲ "
"မရပါဘူး ကိုယ့်ကိုပဲ နမ်းရမယ် "
"Tanလေးနဲ့တောင် လိုက်ပြီးနော် "
"ကိုယ်တစ်ယောက်တည်းအပိုင် "
လူကိုအုပ်မိုးပြီး နမ်းလာသည်။ မငြင်းဆန်နိုင်တာကြောင့် တုန့်ပြန်မိတော့သည်။
YOU ARE READING
VLOG 1 {Completed}
Fiksi PenggemarJeon Jungkook & Kim Taehyung Taekook Couple Vlog Ss 3 မျိုးရှိပါတယ် Ss 0 Ss1 Ss 2 #CrdForAllPictures #Taeyu9597 #OwnCreation 💫