(🆉)
"ကိုယ့်ချစ်သူ ကောင်လေးကို တစ်နေ့လုံး အနမ်းပေးခြင်း "
"အာညော် ယော်တော်ဘွန်း ဒီနေ့က ပုံမှန်အတိုင်း ဖြတ်သန်းမယ်လို့ပဲ ဂျောင်ကုက သိထားပါတယ် "
"ဒါပေမဲ့ တကယ့် Vlog အစစ်က ကိုယ့်ကောင်လေး ကို တစ်နေကုန် နမ်းရင် ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ Vlogပါ ကျွန်တော်တစ်ယောက်တည်း သိတဲ့အကြောင်းပေါ့ ခစ်ခစ် "
"ကျွန်တော်က လျို့ဝှက်ထားတာပါ ဒါဆို ခဏနေကြရင် ပြန်တွေ့ပါမယ် "
"ထယ်ယောင်းရှီး ဒီနေ့ ဘာရိုက်မှာလဲ "
"ဒီနေ့တော့ ပုံမှန် ဖြတ်သန်းသလိုပါပဲ "
"အာ ကောင်းပါပြီ "
ပုံမှန်အတိုင်း ထမင်းစားနေကြရင်း ဂျောင်ကု ထမင်းတစ်လုတ်သွင်းပြီး ဝါးနေစဉ် ဖောင်းနေသော ပါးပေါ်သို့ရောက်လာသော နှုတ်ခမ်းနွေးနွေး ။
"အို Love စောစောကြီး မြူစွယ်နေတာပဲ "
"Wae? မကြိုက်လို့လား "
"မဟုတ်ပါဘူး ရင်ခုန်တာပေါ့ "
ပြွတ်စ်
ဂျောင်ကုက နှုတ်ခမ်းကို ပြန်နမ်းလိုက်သည်။
"နာလား ဒါ "
ဂျောင်ကု နှုတ်ခမ်းက Piercing ကို လက်နဲ့တို့ပြီး ပြောက်လိုက်သည်။
"ဟင့်အင်း မနာဘူး "
ပြွတ်စ်
ထိုနေရာကို ပြွတ်စ်ခနဲ နမ်းလိုက်တော့ ဂျောင်ကုက ပြုံးစိစိလုပ်ပြီး ထမင်းစားနေလေသည်။
"ဒါကော? "
"အဲ့တာလည်း မနာဘူး "
ပြွတ်စ်
မျက်ခုံးက Piercingနေရာကို နမ်းလိုက်ပြန်သည်။
"အွန့် ဒီဟာစား ငါမကြိုက်ဘူး "
ပဲသီးကို ထည့်ပြီး ခွံ့ကျွေးလိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေက Cameraကို ကြည့်ပြီး စားလေသည်။
"ချေးများလို့မဖြစ်ဘူး တစ်လုတ်ပဲစား တကယ် တစ်လုတ်ပဲ "
ဂျောင်ကုက ချော့ကျွေးတာကြောင့် မစားချင်ပေမဲ့ စူပုပ်ပုပ်သာ စားပေးလိုက်တယ်။ ကိုယ့်ကောင်လေးကျွေးတာလေ ချစ်တော့လည်းစားပေးရမှာပေါ့ ။ ကိုယ်တွေလို ခွံ့ကျွေးမခံရတဲ့သူက အများကြီး ။
YOU ARE READING
VLOG 1 {Completed}
FanfictionJeon Jungkook & Kim Taehyung Taekook Couple Vlog Ss 3 မျိုးရှိပါတယ် Ss 0 Ss1 Ss 2 #CrdForAllPictures #Taeyu9597 #OwnCreation 💫