EP -1

486 33 6
                                    


" CEO"

" ဒီဘက်ကိုကြည့်ပေးပါအုံး "

" ဒီဘက်ကိုကြည့်ပေးပါရှင့် !"

တဖျက်ဖျက်လတ်နေတဲ့ ကင်မရာမီးရောင်တွေအောက်မှာ ကုမ္ပဏီအကြီးအကဲတွေနဲ့အတူ အကြိုသတင်းစာရှင်းလင်းပွဲကိုလုပ်နေရသည် ..

ယွန်းဆောအာ Dosoung ဒိုဆောင်း ဂရုပ့်ရဲ့ဇာတ်ညွှန်းရေးဒါရိုက်တာ ။

" ဟုတ် ဒီလောက်နဲ့ပဲ မေးတာတွေရပ်ပေးပါတော့နော် ..
ကျမတို့ press show လေးရှိသေးလို့ပါ "

အစည်းအဝေးခန်းတစ်ခုက ပရော်ဂျက်တာ‌တွင် ‌စာလုံးတန်းလေးတွေဖြင့် ဇာတ်လမ်းရဲ့အစမှာ အစပျိုးထားတာကို၊ အကဲဖြတ်သူတွေနဲ့ producer တွေက စိတ်ဝင်စားစွာကြည့်နေကြတယ် ..

သူ့တို့နှစ်ယောက်ရဲ့ ကိုယ်စီအတိတ်ကို ..

ပြန်ရှာပေးနိုင်မယ့် ကြိုးလေးတစ်စရှိခဲ့မယ်ဆိုရင် ဖမ်းဆွဲထားနိုင်ပါအုံးမလား .. အချစ်ဆိုတာက တကယ်တော့ "time and right person" ပဲ အချိန်ကောင်းမှာ တွေ့ခဲ့ရပေမယ့် လူကောင်းဟုတ်မနေနိုင်တာလည်း ဖြစ်နိုင်သလို ။

လူကောင်းကိုမှ အချိန်ကောင်းမဟုတ်တဲ့အချိန်မှာ တွေ့ပြီး လွဲခဲ့ရတာကိုလည်း အချစ်လို့ခေါင်းစဉ်တတ်နိုင်တယ် ..

လူတိုင်းမှာအချစ်ဦးရှိကြမှာပေမယ့် အချစ်ဦးတိုင်းကတော့ ကိုယ်မဟုတ်တဲ့ရွေးချယ်မှုမျိုးကိုရွေးချယ်သွားကြသတဲ့ ။

THE PLOT OF YEON SAW AAA -------

" ဒီဇာတ်ညွှန်းနဲ့ လား ဝက်ဝက်ကွဲကိုအောင်မြင်နေတော့မှာပဲ ကျေးဇူးပါ ဒါရိုက်တာဆောအာ လက်တွဲပေးလို့ကျေးဇူးပါဗျာ"

" မဟုတ်တာ .. ဆော'ကသာကျေးဇူးတင်ရမှာပါ "

ထက်မြက်တဲ့ပါးချိုင့်အပြုံးလေးဖြင့် ဘေးကလူတွေကို ဆောအာ ကြည့်ကာပြောလိုက်သည် ..

ယွန်းဆောအာ၊အခုတစ်လောအရမ်းကိုနာမည်ကြီး ထိပ်ထိပ်ကြဲနေတဲ့ ဇာတ်ညွှန်းရေးဒါရိုက်တာတွေထဲကတစ်ယောက် ..

သူမဇာတ်ညွှန်း၊တွေနဲ့ နာမည်ရသွားတဲ့ တတ်သစ်စမော်ဒယ်မင်းသမီးတွေက နည်း"နော"မဟုတ်။ အဲ့တာကြောင့် ဒါရိုက်တာ ဆောအာနဲ့ ရိုက်ချင်ကြတဲ့ မင်းသားမင်းသမီးတွေကတန်းစီနေကြတာဖြစ်သည် ..

Pretend to be notorious| JK  Where stories live. Discover now