Pretend to be notorious - 14

72 17 2
                                    


"မောင့်ကို တစ်ခါ‌လောက်ရွေးချယ်ပေးလို့ မရဘူးလား""

ဆိုတဲ့စကားက ဆောနားထဲပဲ့တင်သံလို အထပ်ထပ်အခါခါရေရွတ်ပြီးကျန်ရစ်ခဲ့တယ်။

ဟုတ်တယ် သူမောင့်ကိုမရွေးခဲ့ပြန်ဘူး ထားရစ်ခဲ့တယ်နောက်ဆုံးအချိန်ထိ တောင့်ခံပြီးထားခဲ့တယ် ..

လွယ်လွယ်နဲ့ သူ့ တည်ဆောက်ထားတဲ့ ဘဝကိုလက်လျှော့လိုက်မယ်ပြောနေတဲ့မောင်ကို တကယ်နားမလည်ဘူး။

" မောင့်ဘဝမှာအရေးကြီးဆုံးက "မင်း"ပဲ ငွေမဟုတ်ဘူး
ဒါပေမယ့် မင်းကတော့-ကျစ်"

"အင်း ..ငွေပဲ ဆောကလုပ်ငန်းစုတစ်ခုလုံးကိုပြစ်ပြီး မောင့်နောက်လိုက်ရဲတဲ့သတ္တိမရှိဘူး မာမီ့ထပ်အရေးကြီးတာလဲမရှိဘူး မောင်နားလည်ဖို့ပဲလိုတာ"

"ကောင်းပြီလေ ..."

မောင်ပြောတဲ့ စကားသုံးလုံးမှာ ဆုံးဖြတ်လိုက်တဲ့အရိပ်အယောင်တွေ ပိုပြီးနားကျည်းလာတဲ့အကြည့်တွေ၊ မုန်းတီးသွားခြင်းတွေအထိမြင်နေရတယ် ..

"မောင်တို့နှစ်ယောက်က သဘောထားတွေမတိုက်ဆိုင်ခဲ့လို့လမ်းခွဲတာလဲမဟုတ်ဘူး နောက်ဆုံးတော့ အဆင့်ချင်းမတူလို့ လမ်းခွဲခဲ့ကြတယ်ပေါ့ ဟမ့်"

"သတင်းစာထဲမှာထည့်လိုက်မယ် မင်းမနက်၊ စိတ်ရှင်းရှင်းနဲ့ ရုံးတက်လို့ရသွားတာပေါ့"

မောင်ပြောတဲ့စကားတစ်လုံးချင်းစီ၊တစ်လုံးချင်းစီတိုင်းကို ပြတ်ပြတ်သားသားပြန်ကြားယောင်နေတဲ့ စီအီးအိုဆော။

လမ်းခွဲခဲ့ခြင်းတိုင်းက ချစ်ရတဲ့သူတစ်ဦးထဲ‌အပေါ်မှာပဲ နှစ်ကြိမ်တိုင်တိုင်ရက်ရက်စက်စက် ..

မောင်နဲ့ဆောက ..အမြဲ ဝေးကြဖို့အကြောင်းဖန်လာတာပါပဲ။ ဒီဘဝမှာတော့ နီးစပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့တဲ့ ဝင်ရိုးနှစ်ဖက် ...

" မမလေး မမလေး၊"

ဆောအခန်းထဲကထွက်ပြီး ကျန်နေသေးတဲ့ အနာတွေကို အိမ်သူတွေမမြင်အောင် သေချာကွယ်ပြီးမှာ ထွက်လာခဲ့သည် ..

" အစ်ကိုလေး ထယ်ဟိုရောက်နေပါတယ် ဥက္ကဌကြီးလွှတ်လိုက်တာလို့တော့ပြောပါတယ်"

Pretend to be notorious| JK  Where stories live. Discover now