တော်ရုံတန်ရုံ မဟုတ်သော၊ သူဌေးပိုင်းတွေသာ လာသော
Private club မို့ သတင်းမထွက်ပဲ နူနာပျော်ချင်ရင်ဒီသွားဆိုတဲ့ အတွင်းရေးမှူးရဲ့မတ်ဆေ့နဲ့ ရီကောမန့်ကြောင့်စိတ်ညစ်နေတဲ့ယွန်းဆောအာ သက်ပြင်းတချချဖြင့် တစ်ယောက်ထဲကားမောင်းကာထွက်ခဲ့သည် ..
အထဲရောက်တော့လဲ တကယ်သီးသန့်ဆန်ကာ၊ ကိုယ်စီကိုယ်ဆီနေကြပြီး လွတ်လွတ်လပ်လပ်ပဲမို့။
တပ်လာတဲ့ မက်စ်အမည်းနဲ့ ဦးထုပ်ကို ချွတ်ပြီး ကားပေါ်တင်ထားခဲ့လိုက်သည် ဖုန်းနဲ့ ငွေသားကဒ်တစ်ခုပိုက်ဆံအိတ်ထဲက ကောက်ယူလိုက်ကာ ..
ကလပ်ထဲ ဝင်လာလိုက်သည်။
နှစ်နာရီ ..
ဝီစကီနဲ့ ကော့တေးရောထားတဲ့ ခွက်တွေအကြိမ်ဖန်များစွာ သောက်မှန်းမသိသောက်ပြီးမှာတော့။အတွေးတွေထဲ ဘာမှမဝင်လာတော့ပဲ၊ ငြိမ်းချမ်းသွားသယောင်ပင်။
တီးလုံးတွေက နားထဲသာမန်ထက်အကျယ်ကြီးကြားနေရပြီးပုံမှန်ဝတ်နေကျ formal suit တွေထက်အတိုဝတ်ခဲ့သွယ်လျကက်နေကာ ကြည့်မိသူတိုင်း ခနခနကြည့်မိမယ့် ဘော်ဒီပိုင်းလဲ ceoဆောအာတွင်ရှိသည်။
"မမ တစ်ယောက်ထဲလား"
"မမ ကျနော်နဲ့အတူလိုက်ကပါလား"
နားထဲကြားနေရပြီး ထယ်အိုအသံနဲ့လူတစ်ယောက်ကို လှမ်းမြင်နေရသည်၊ လက်ခံလိုက်ပြီးနောက် ပါမှန်းမသိ
ထိုကောင်လေးနဲ့နှစ်ယောက်ထဲ မီးရောင်စုံတွေကြားထဲ ဖြေးဖြေးဆီလျှောက်ရင်း ရောက်သွားသည် ..
" လုပ်ငန်းတွေ အဆင်ပြေရဲ့လား"
အနားချင်းကပ်နေတာကို မေးလိုက်တဲ့အသံကို တီးလုံးသံတွေဖုန်းနေ၍ ကောင်းကောင်းမကြားလိုက်သည်မို့။
"ဟမ်..'
သူ့နားကပ်ကာ နားနားကပ်ပြီး ထပ်ပြောလာတဲ့ ထယ်အို့အသံကြားမှ " အာ ပြေတယ် ..ပြေတယ်"
အပြုံးကြည်ကြည်လေးဖြင့် ရယ်သံလွမ်းရင်းဖြေလိုက်တော့ ထယ်အိုကအကြည့်မလွှဲနိုင်တော့ပဲ ခိုးပြုံးမိသွားတယ်။
YOU ARE READING
Pretend to be notorious| JK
FanfictionPromote dialogue - "ceo ဆောအာ dating ထပ်မလုပ်ဖို့ ကျတော်တို့ အားနာနာနဲ့သတိပေးပါရစေနော် အကိုလေးသိရင်လေ- " ငါသိရင် ဘာဖြစ်လဲ ..ဘယ်မှာလဲ မင်းတို့မမလေး " စီအီးအိုမလေးနဲ့ ရည်းစားဟောင်းဖြစ်တဲ့ မော်ဒယ်မင်းသားတို့ပြန်ဆုံကြသောအခါ📍 Jeon Jungkook x reader