21

1.4K 201 6
                                    


ထိုအဖြစ်အပျက်ပြီးဆုံးသွားချိန်မှာတော့ ရွှမ်းရိဟန်သည် စိတ်ဆိုးရုံမျှသာမက ကုစစ်ရယ်အကြောင်းကိုတွေးကာ သူ့ကိုယ်သူ အရူးလုပ်ခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။

ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးရင်း စကားတောင် မပြောနိုင်တော့ပေ။

သို့သော် သူ့ကို အရှက်ရစေတဲ့လူတွေကတော့ အခြားသူမဟုတ် သူ့မိဘတွေပဲဖြစ်သည်။ဒေါသလုံးဝမထွက်ဝံ့တော့ဘဲ သူ့စိတ်ခံစားချက် အားလုံးကို နှလုံးသားထဲမှာသာသိမ်းဆည်းပြီး စကားမပြောဘဲ ထောင့်နားတွင် ကပ်နေတော့သည်။

ပိုလို့တောင်မျက်နှာပျက်ခဲ့တဲ့ ရွှမ်းဟုန်ဝေသည် အခုအဖြစ်အပျက်ကနေ သိသာထင်ရှားစွာ ပြန်လည်ကောင်းမွန်လာခြင်းမရှိ‌သေးသလို လူတိုင်းက ရွှမ်းရိဟန်အပေါ် ဆဲဆိုကျိန်ဆဲနေကြတာက အခုချိန်မှာ ဘာမှမဟုတ်တော့သလိုပင်။

"ကလေး..စိတ်ဆင်းရဲမနေပါနဲ့။မား ပရိုဂရမ်အဖွဲ့ကိုသွားပြီး နှုတ်ဆက်ပြီးမှ ပြန်တော့မယ်"

ရွှမ်းရိဟန် သူ့အမေရဲ့ အစီအစဉ်ကို ကြားတော့ ပိုသက်တောင့်သက်သာရှိလာသလို ခံစားလိုက်ရသည်။

သို့သော် သူ့ပင်ကိုစရိုက်ကိုဖုံးကွယ်ကာ လောကကြီးအကြောင်းကို ဘာမှမသိနားမလည်တဲ့ ကြင်နာသူအဖြစ် ဟန်ဆောင်လိုက်၏ ။

"မား...စိတ်ပူမနေပါနဲ့တော့။နောင်မှာ သူသတ္တိရှိတော့မှာမဟုတ်ဘူးလို့ သား ယုံကြည်တယ်"

ရွှမ်းဟုန်ဝေ ထိုစကားများကိုကြားသည့်အခါ သွားနေရာမှရပ်လိုက်ပြီး

"သူ့ရဲ့လုပ်ရပ်က သတ္တိရှိတယ်လို့ မင်း ထင်နေတာလား"

ရွှမ်းဟုန်‌ဝေ ဒေါသထွက်သွားသည်မှာ သိသာထင်ရှားပြီး သူ့လေသံကိုပင် မလျှော့လိုက်ပေ။

တမင်ရည်ရွယ်ပြီးပြောလိုက်သည့်ရွှမ်းရိဟန်သည် ရုတ်တရက် အော်ငေါက်ခံလိုက်ရသဖြင့် ကြောက်လန့်တကြား ဇက်ပုသွားကာ သူ့မျက်လုံးတွေကတော့ အပြစ်ကင်းစင်ပြီး သနားစရာတွေနှင့် ပြည့်နှက်နေသည်။

"တောင်းပန်ပါတယ် ပါး..."

ဒါကိုမြင်တော့ ချုံးရာယွီက သူ့ခင်ပွန်းကို တည့်တည့်စိုက်ကြည့်ပြီး "ဟန်ဟန်ကို ဘာလို့အော်နေတာလဲ" ဟု အပြစ်တင်လိုက်သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now