Ch-5

698 57 6
                                    

အခန်း(၅) - ဘယ်လို လူ့အမှိုက်မျိုးလဲ

ရှန်းမူမူသည် တံခါးအပြင်ဘက်တွင် ရပ်နေပြီး ချီရှောင်ပိုင်ကို တည်ငြိမ်စွာ ကြည့်နေသည်။

"မင်းငါ့ကို အမြင်မကြည်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ဒီကိစ္စနှင့် ပက်သက်ပြီး သတင်းမှားတွေကြောင့် နားလည်မှုလွဲတာတွေ ထပ်မဖြစ်အောင် မင်းနဲ့ ငါ သေချာစကားပြောမှဖြစ်မယ်"

သူမ စိုးရိမ်သွားသည်မှာ အနာဂတ်တွင် သူမသည်မတရား အပြစ်တင်ခံရမည်ကို ဖြစ်သည်။

ချီရှောင်ပိုင်သည် ရှန်းမူမူ၏ စကားကို နားမလည်ဖြစ်ကာ သူမသည် အရင်ကမိထွေးဖြစ်သူပုံစံနှင့်မတူကြောင်း သတိထားမိလေသည်။ သူ့ပါးစပ်ကို ဖြေးဖြေးဖွင့်လိုက်ပြီး-

"ဘာကိစ္စလဲ"

ရှန်းမူမူက "တစ်ယောက်ယောက်က မင်းသောက်မဲ့ဖန်ခွက်ထဲ ဆေးခတ်လိုက်တယ်၊ အဲ့ဒါက ဆံပင်အမည်းရောင်နဲ့ မိန်းကလေးပဲ"

ချီရှောင်ပိုင်၏ မျက်နှာအမူအရာသည် တဖြေးဖြေး အံ့အားသင့်သွားသလိုပုံစံ ဖြစ်လာသည်။

"တစ်ခုခု ထည့်လိုက်တာလား"

ရှန်းမူမူက ခေါင်းညိတ်ပြရင်း၊ "ဟုတ်တယ်၊ ငါကိုယ်တိုင် ငါ့မျက်စိနဲ့ တပ်အပ်တွေ့လိုက်တယ်"

"ဘာဆေးလဲတော့ သေချာမသိပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီလို ခိုးကြောင်ခိုးဝှက် လုပ်တာတော့ မကောင်းဘူး"

သူမသည် စကားပြောသည်ကို ရပ်လိုက်ပြီး နောက်ထပ် ပြောဖို့ စကားကို တစ်ခဏ စဉ်းစားတွေးတောလိုက်သည်။

"ကောင်လေးချောချောတွေက သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရမယ်၊ မင်း...နောက်ပိုင်း အပြင်သွားရင် ပိုပြီး သတိထားရမယ်"

သူမသည် လိမ္မာပါးနပ်စွာ ပြောလိုက်ပြီး ဆယ်ကျော်သက် ကောင်လေး၏ ပုန်ကန်တတ်မှုကို နှိုးဆွသလိုဖြစ်မိမည်ကိုလည်း စိုးရိမ်မိသည်။

မလုပ်ဖို့ပြောလေ ပိုလုပ်လေ ဖြစ်သည်။

နောက်ဆုံးတွင် သူမသည် သူ့ကို ကောင်းကောင်းမွန်မွန် ချီးမွမ်းဖို့ကိုလည်း မေ့မထားပေ။

ရှင်ရှာသမျှ ပိုက်ဆံ ကျွန်မ သုံးဖြုန်းပေးမယ်Where stories live. Discover now