"သားလေး မြောင်ဟို အစ်ကိုလေး ခေါ်ခိုင်းလိုက်လို့"
တံခါးခေါက်သံမှန်မှန်နှင့်အတူ အဒေါ်ကြီး အသံကပ်ပါလာတာကြောင့်မြောင်ဟိုက စာရေးနေရာမှ ထလိုက်သည်။
သူရောက်တော့ စားပွဲပေါ် လက်ထောက်က
မျက်ရိုးတွေက နိုပ်နယ် နေတဲ့ သူ့ကိုတွေ့ရသည်။ ဒီအတိုင်းဆို စိတ်အဆင်ပြေပုံမရ" ကျွန်တော် ရောက်ပြီ "
"အင်း ထိုင်ဦး "
"ဟုတ်"
"မင်း ဒီနေ့ ကျူရှင်ပြေးတာလား"
မြောင်ဟို အလန့်တကြားမော့ကြည့်တော့ သူ့ကို စူးစိုက်စွာကြည့်နေသည့် မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်လိုက် ရသည်။
"ငါမေးနေတာဖြေလေ"
ပေကပ်ကပ် နဲ့ ပြန်မဖြေတဲ့ ကလေးကို ကြည့်ပြီး မွန်းဂျွန်က ဒေါသတနုံ့နုံ့ထွက်ရသည်။
"ငါစိတ်မတိုချင်ဘူး ဆောမြောင်ဟို"
"ဟုတ် တယ်ကိုကို ကျွန်တော် သူငယ်ချင်းတွေ နဲ့ အပြင်သွားတာ"
"ငါက စာသင်ဖို့ လွှတ်လိုက်တာ လေ ဆောမြောင်ဟို ငါအလုပ်တွေ ရှုပ်ရတဲ့ကြားတဲ့ မင်းပြဿနာတွေကိုပါ လိုက်ရှင်းပေးနေရမှာလား"
သူ့မှာတော့ ကိုကို အလုပ်နဲ့အပြင်သွားတုန်း လွမ်းနေလိုက်ရတာ ကိုကိုက တော့ ပြန် လာလာ ချင်း သူ့ကို ဆူငေါက်လို့။
"ကိုကို့ ကို လွမ်းနေခဲ့တာ "
မဆီမဆိုင်ထပြောတော့ မွန်းဂျွန်က ကြောင်အ, သွားသည်။
"မဆိုင်တာတွေ ပြောမနေစမ်း နဲ့ မြောင်ဟို ငါတကယ် မင်းကိုထိန်းသိမ်းရတာ ပင်ပန်းနေ
ပြီ "" ဘယ်သူက ပင်ပန်းခံပါလို့ ပြောနေလို့လဲ "
"ဘာပြောလိုက်တယ်"
"ကြားတဲ့အတိုင်းဘဲလေ ကိုကို"
" သွားတော့ မင်းအခန်းထဲကိုသွားပြီး စာသွားလုပ်တော့ "
ချက်ချင်းထထွက်သွားတဲ့ကောင်လေးဟာ စိတ်ဆိုးသွားပုံရသည်။
တကယ်ဆို သူလည်းလွမ်းနေတာ မှန်ပေမယ့် အပြင်မှာတော့ မတူညီစွာ ဆက်ဆံ ခဲ့သည်။
ပြန်ရောက်ရောက်ချင်း ကျောင်းကလှမ်းတိုင်တာ ကို ကြား လို့ စိတ်တိုသွားသည်ထင်ပါရဲ့။