" ကိုကို ကျွန်တော် လည်းကျောင်းပြီးနေပြီဆိုတော့ အပြင်မှာ တစ်ယောက်ထဲ သက်သက်နေချင်တယ် "
သူအလုပ်လုပ်နေတုန်း ကလေးလေး က သူနဲ့ခွဲနေချင်ကြောင်း လာပြောပြလာသည်။
ဟင့်အင်း သူကလေးလေးနဲ့ခွဲပြီးမနေချင်ပါ။" မရဘူး "
" ဘာလို့လဲ ကိုကို "
" ကျောင်းပြီးတာ ဘဝပြီးသွားတာမှ မဟုတ်တာ "
".... "
" မရဘူး တစ်ယောက်ထဲနေလို့ မင်းကိုယ့်ဘာသာမထိန်းကျောင်းနိုင်သေးဘူး "
"ကျွန်တော်လူကြီးဖြစ်နေပါပြီ "
"ဘာကိုလူကြီးဖြစ်နေတာလဲ"
"ကိုကို ကျူးလွန်ရတဲ့ အရွယ်ရောက်နေပြီ"
ခပ်ချဥ်ချဥ်ပြောတဲ့ သူ့စကားကြောင့် ကိုကို့ မျက်နှာဟာ အပျက်ပျက်အယွင်းယွင်း
" မြောင်ဟိုရယ် ကိုကို ပြောပြီးပြီလေ အဲ့တာ က ကိုကို ဖြစ်ချင်လို့ ဖြစ်တဲ့ ကိစ္စမဟုတ်ဘူးလို့ "
" ဘာပြောလို့လဲ ကျွန်တော်က အရွယ်ရောက်နေပြီးသား ဆိုတာပြောပြတာ ပါ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်လုံးက ယောကျာ်းလေးတွေလေ ဘာမှ မှ မဖြစ်နိုင်တာ "
" သွား အခန်းထဲ သွားနားတော့မြောင်ဟို
ကိုကို မအားဘူး "" တစ်ခါလောက်ဘဲ ကျွန်တော့်ဘက်ကိုကြည့်ပေးလို့ရမလား "
" အခန်းထဲ ကိုပြန်လိုက်ပါတော့ မြောင်ဟိုရယ် ကိုကို စိတ်ရှုပ်လွန်းလို့ပါ "
ဘယ်လောက်ဘဲစိတ်ဆိုးတယ်ပြောပြော ကိုကို စိတ်အနှောက်အယှက်ဖြစ်မှာမျိုးတော့ သူမလုပ်ချင်တာကြောင့် ကိုကို့ အခန်းထဲက ထွက်လာခဲ့သည်။ဒါပေမယ့် သူ့ဘက်ကို ကြည့် ရင်လည်း သူမှန်သည် ဘာလို့ဆို ဒီထက်ပိုပြီး ကိုကို့ အနားမှာနေမယ်ဆိုရင် သူသေရုံဘဲရှိတော့မယ်ထင်သည်။တအားချစ်ရတာမို့ တခြားသူတစ်ယောက်နဲ့ မမြင်ချင်တာအမှန်ဘဲ။ မမဆွန်းရီ နဲ့ ကိုကို့ ကို တွေ့ရင် သူက အသက်ရှုတွေကြပ်ပြီး ချက်ချင်းဘဲ သေသွားတော့မလို။
ဒါပေမယ့် အခုထိတော့ သူဟာ နွယ်တစ်ခက် မြက်တစ်ပင်လို ကိုကို့ အနားမှာ အသက်ရှင်လျက်။
သူလမ်းလျှောက်လာရင်း ဒေါ်ကြီးက သူ့ကိုခေါ်တာမို့သူအပြေးသွားလိုက်သည်။