အခု သူက ကိုကို့ ကိုရှောင်နေရမှာလား။
ကိုကိုက သူ့ကြောင့်သေမလိုဖြစ်တာကို
သူက ကိုကို့ ကို စကားပြောဖို့ ထိုက်တန်ရဲ့လား။
သူအတွေးလွန်နေတုန်း အဒေါ်ကြီးက မနက်စာစားဖို့ လာခေါ်သည်မို့ လိုက်လာလိုက်သည်။
မနက်စာ စားပွဲမှာ ကိုကိုလည်းရှိနေခဲ့တာဘဲ။
သူကြည့်လိုက်တော့ ကိုကိုက မနက်စာကိုသာ ဆက်စားနေသည် သူ့ကိုနည်းနည်းမျှပင်မကြည့်။" ဒေါ်ကြီး သား ဗိုက်မဆာလို့ နည်းနည်းဘဲ ထည့်ပေးပါ "
သူ့အသံက တိုးတိုး လေး ကိုမှ တကယ်ကို တိုးတိုးလေး သူအသံထွက်ပို့ပင် အားမရှိတော့ချေ။
" သားလေး ဘာလို့ အစားမစားတာလည်း
စာတွေကလည်း များတာကို နည်းနည်းတော့ စားပါဦးသားရယ် "" မစားချင်တဲ့သူကို အတင်းကျွေးမနေနဲ့ ဒေါ်ကြီး တခြား သူစားချင်တာရှိလို့နေမှာပေါ့ "
" ဟုတ်သား... သားလေး ဘာစားချင်တာရှိလဲ ဒေါ်ကြီး ချက်ကျွေးမယ် "
" ရပါတယ် ဒေါ်ကြီးရယ် သားဘာမှ မစားနိုင်လို့ပါ နော် "
" ထမင်းမစားရင် နေမကောင်းဖြစ်မှာနော်
မြောင်ဟို "ကိုကိုက ပြောလာတော့ သူလှည့်ကြည့်မိပါသည်။ ကိုကိုကတော့ သူ့ကိုကြည့်မနေ။
" ကျွန်တော် မစားချင်လို့ပါ "
"အင်း.. မြန်မြန် ကျောင်းသွားရအောင် "
" ဟုတ် "
ကိုကိုက ပုံမှန်လိုနေနိုင်ပေမယ့် သူက ပုံမုန်လိုမနေနိုင်ပါ။
ကားမောင်းနေတဲ့ ကိုကို့လက်ပေါ်က ပတ်တီးဖြူဖြူ ကို မြင်တော့ သူ့ရင်ဘတ်ကအောင့်လာသည်။"ဆွန်းရီကို တောင်းပန်သင့်တယ်မထင်ဘူးလား "
" ဟင် ဘာလို့လဲ "
" မင်း ဆွန်းရီအပေါ်ကို ဘယ်လို ရိုင်းစိုင်းထားလဲ "
" ကျွန်တော် တောင်းပန်ဖို့လိုအပ်တာလား "
" အင်း... "
" ရပါတယ် အဲ့တာဆိုလည်း တောင်းပန်ပါ့မယ် "
ကလေးလေးကို သူဒီလိုဖြစ်စေချင်တာ မှ မဟုတ်ဘဲ ။
သူ့ကို မုန်းစေချင်တာလေ။