{10}

409 79 32
                                    

" မြောင်ဟို မြောင်ဟို ထ.... ထဦး "

သူ့ကိုအတင်းလှုပ်နှိုးနေတဲ့ ကိုကို ကြောင့်သူထထိုင်လိုက်သည်။
တစ်ညလုံးအအေးမိထားတာမို့လူက ကိုက်ခဲနေသည်။

" အေးစက်နေတာဘဲမြောင်ဟို Heater ပျက်နေရင် ကိုကို့ ကိုပြောရမယ်လေ  "

"....."

" အခုရက်ပိုင်း ညတွေက တအားအေးတာလေ
အနွေးထည်တောင်မပါဘဲနဲ့ ဘယ်လိုအိပ်နေတာလဲ "

" ကိုကိုက အလုပ်ရှုပ်နေတာနဲ့ ကျွန်တော်လည်း မပြောတော့တာပါ "

ကလေးလေးကို သူပစ်ထားသလိုများဖြစ်နေလားဆိုတဲ့ အတွေးက ဝင်လာတော့  သူက ကလေးလေးနားကို ထိုင်ရင်း

" ကလေးလေး ကိုကို တို့ အပြင်သွားကြရအောင်လေ "

"မသွားချင်ပါဘူး ကျွန်တော်အိမ်ထဲမှာဘဲ နေချင်လို့ပါ "

" လာပါ ကိုကို တို့ သွားကြမယ်လေ
ကလေးလေး လည်းအပြင်မရောက်တာကြာပြီမလား "

" တော်ပါပြီ မသွားချင်ဘူး "

" ကိုကို့ ကို ကလေးလေး ရှောင်နေတာ ဘယ်နှရက်တောင်ရှိပြီလဲ ဒီအတိုင်းဆို ကိုကိုတို့ အနေဝေးသွားလိမ့်မယ်နော်"

" နောက်လဲ ဝေးရမယ့် အတူတူ အခုထဲက ကြိုပြီး လေ့ကျင့်ထားတာ မကောင်းဘူးလား"

" ဘာတွေ ပြောနေတာလဲ ကလေးလေးရယ်
ကိုကိုတို့က ဘာလို့ဝေးရမှာလဲ "

" ကိုကို လက်ထပ်လိုက်ရင် ဝေးပြီးပေါ့ဗျာ "

" ကိုကို လက်ထပ်လိုက်လဲ ကိုကိုတို့ဆက်ဆံရေးက ပြောင်းလဲသွားမှာမှ မဟုတ်တာ "

သူက ကိုကို့ကို ချက်ချင်း ဆိုသလို မော့ကြည့်မိလိုက်သည်။
ကိုကိုက သူ့အတွက်တွေးပေးဖို့များမေ့နေသလား။
ချက်ချင်းမျက်နှာကို လွှဲလိုက်ရင်း

" ကိုကို က ကျွန်တော့် ခံစားချက်တွေကို မသိလေရောလား "

ဘာမှ ပြန်ဖြေမလာသူကိုကိုက သူ့ကို တော်တော် ကြာအောင် စိုက်ကြည့်နေသည်။

"ဒါဆို ကိုကိုက လက်မထပ်ရဘူးလား "

" အဲ့တာက ကိုကို့ သဘောပါ
ကျွန်တော်က ကိုကို လက်ထပ်တာ နဲ့ ထွက်သွားတော့မှာ "

လောင်းရိပ်မိသောအချစ်Where stories live. Discover now