{11}

434 84 29
                                    

အခုသူကနားကြားမှားလိုက်တာမဟုတ်လား။
ကိုကိုကလေ အဲ့လိုစကားမျိုးတော့သူ့ကိုပြောမှာတော့ မဟုတ်ဘူးမလား။
ကိုကို ရက်စက်ပေမယ့် အဲ့လောက်ကြီးထိတော့ မရက်စက်လောက်ပါဘူး။

" ကိုကို ဘာပြောလိုက်တာလဲ "

" မင်းဆိုတာမှန်းသိခဲ့ရင် ငါက လက်ဖျားနဲ့တောင်ထိခဲ့မှာမဟုတ်ဘူး
အဲ့တာကြောင့်မို့လို့ ငါ မင်းကို ကျူးလွန်ခဲ့တဲ့ ကိစ္စကို ခနခန ပြန်မပြောလို့ရမလား "

နှစ်ခေါက်မြောက်ကြားရတဲ့အချိန်မှာတော့
သူနားကြာမှားတာမဖြစ်နိုင်တော့ပါ။
သူ့မှာတော့ လေးလေးနက်နက် နဲ့ သဘောထားလိုက်ရတာ
ကိုကိုက တော့ သူ့ကို ပစ်ပစ်ခါခါကြီး။

" ကိုကို ကျွန်တော့်ကို တစ်ခါလေမှ မချစ်ခဲ့ဖူးလား"

"........ "

ပြန်မဖြေပုံထောက်ရင်တော့ မှန်နေတာဘဲတစ်ခါမှမချစ်ခဲ့တဲ့ပုံ။
အမြဲဆူငေါက်ပြောဆို နေတာ ကို ဆောမြောင်ဟို ဘာတွေမျှော်လင့်နေတာလဲ။
သူဘာမှ ဆက်မပြောဘဲ လှည့်ထွက်ခဲ့ပါသည် သူ့မှာ ဒီလို လုပ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့။

~~~~~~~~~~~~~

အသဲကွဲတာလို့ပြောရမလား စိတ်ဒဏ်ရာ ရတယ်လို့ပြောရမလား သူဘာစားစား ဘာမှ မျိုမကျပါ။ သူ့စိတ်တွေ ပြန်ပြီးကောင်းလာမှ ထမင်ကောင်းကောင်း စားနိုင်မယ်ထင်တယ်
အိပ်ယာထဲဘဲလှဲနေချင်ပြီး ဘာကိုမှလည်းမလုပ်ချင်ပါ။
သူ့ဘဝမှာ အချစ်က အဲလောက်အရေးပါတာလား ကိိုကိုက အရေးပါတာလားတော့သူမသဲကွဲတော့ဘူး။
ကိုကိုမရှိရင် သူကဘယ်လိုမှ အသက်ဆက်မရှင်နိုင်တဲ့သူဆိုပေမယ့် သူမရှိရင် ကိုကိုဘယ်လို အသက်ဆက်ရှင်ပြီးကျန်ခဲ့မလဲ။
သူကဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီးနောက်မှာသူအိပ်ယာပေါ်က ထလိုက်သည်။

"သားကြီးမွန်းဂျွန် ...."

အလောတကြီးပြေးလာတဲ့ဒေါ်ကြီးက တကယ်ကိုအရေးကြီးနေသည့်ပုံ

" သားငယ်လေးကလေ ဒေါ်ကြီးသောက်တဲ့ ဆေးတွေကို လက်တစ်ဆုပ်အပြည့် သောက်ချလိုက်တာ ဒေါ်ကြီးတားဖို့အချိန်မမှီလိုက်ဘူး "

လောင်းရိပ်မိသောအချစ်Where stories live. Discover now