မြောင်ဟို ထမင်းမစားတာ ၄ရက်ရှိပြီ လို့ အဒေါ်ကြီး လာပြောတုန်းက သူစိတ်ပူခဲ့တာ မှန်ပေမယ့် ဒီကလေးက သူ့ကိုဆန္ဒပြနေတာဖြစ်တာကြောင့်ဆက်ပြီးတော့ စောင့်ကြည့်နေလိုက်သည်။
တစ်အိမ်ထဲမှာနေပေမယ့် သူ့ကိုသိသိသာသာရှောင်လို့နေသည်။"မြောင်ဟို ဧည့်ခန်းထဲကို လိုက်ခဲ့ "
"ဟုတ်ကဲ့ "
လိုက်လာတဲ့သူက တည်တည်ငြိမ်ငြိမ်ဘဲ။
" ထမင်းမစားဘူးဆို ဟုတ်လား
ငါ့ကို ဆန္ဒပြနေတာလား အလုပ်မဖြစ်ဘူး
နော်မြောင်ဟို "" ဘာမှ လုပ်မနေပါဘူး လုပ်နေလည်း ဘာမှ ထူးမလာတာ မို့ "
" အေး ငါ့ကို အဲ့လို စကားနာထိုး "
" ဟင့်အင်း ပြောပြတာ ပါ စကားနာထိုးနေတာမဟုတ်ပါဘူး "
" မင်း ဒီနေ့ထမင်းစားရမယ် "
" စိတ်ထဲ မှာ ပျော်မနေတဲ့အတွက် ထမင်း တစ်စိတောင်မှ မျိုမကျဘူး "
" အရေးမပါတာတွေ ခေါင်းထဲက ထုတ်ထား ဆောမြောင်ဟို "
" အဲ့တာ ကိုကို့ အတွက် အရေးမပါတာ ပါ
ကျွန်တော့် ဘဝ အတွက်အများကြီး အရေးပါတယ် "" မင်းနဲ့ ပြိုင်လုပြီး ပြောနေရင် ငါလေကုန်တာဘဲ အဖတ်တင်မှာ အဲ့တော့ မင်း ထမင်းစားကို စားရမယ် "
" စားဆိုလည်း စားရတာပေါ့ ဒါက ကျွန်တော့်ဘဝ ဘဲကို "
ခနဲ့တဲ့တဲ့ ပြောလာတဲ့ ကောင်လေး က တကယ်ကို လူဆိုးလေးဖြစ်လာတာဘဲ။
အခုတလော သူအလုပ်အတွက် ခရီးထွက်တာ များလို့ များ အနေဝေးနေတာများလား။~~~~~
" မြောင်ဟို "
"ဗျာ "
" ဒီနေ့စာမေးပွဲနောက်ဆုံးနေ့မလား"
"ဟုတ်တယ် "
" ကိုကို လာကြိုမယ် "
"ဟုတ် "
လိုတာထက် ပိုမတုန့်ပြန်တဲ့ကလေးကြောင့် သူနေရခက်လာပြန်သည်။
"ကလေးလေး ကိုကို့ ကိုစိတ်ဆိုးနေတုန်းဘဲလား"
"စိတ်မဆိုးပါဘူး ဒါကျွန်တော့်ဘဝဘဲလေ "