"ကိုကို ဒီနေ့အလုပ်သွားမှာလားဟင် "
အခန်းထဲကို ပြေးဝင်လာပြီး ပြုံးရွှင်ကာပြောနေတဲ့ကလေးလေးက သူ့ကို စိတ်ဆိုးပြေသွားပြီလား။
" သွားမှာလေ ကလေးလေး ဘာလို့လဲ "
" ဘာမှ မဟုတ်ပါဘူး ကျွန်တော် ဒီနေ့ ကိုကို နဲ့ နေချင်လို့ ပါ "
" ခနလေးဘဲ ကိုကိုသွားပြီးပြန်လာခဲ့မယ် "
" Meeting ရှိလို့လား ကိုကို "
" မဟုတ်ဘူး မြောင်ဟို ဆွန်းရီမွေးနေ့ရှိလို့ အဲ့တာခန ..... "
သူ့စကားမဆုံးသေးဘူး မြောင်ဟို က အပြင်ကိုထွက်သွားပြီးဖြစ်သည်။
သူအရင်စိတ်နဲ့ဆို စိတ်ဆိုးမိမှာမှန်ပေမယ့် အခုတလောမြောင်ဟိုက ပုံမှန်မဟုတ်တာကြောင့်သည်းခံလိုက်သည်။သူကပြောတဲ့ အတိုင်းခနဘဲ မွေးနေ့မှာ နေပြီး ပြန်လာတော့ သူတို့လမ်းနားက Bus မှတ်တိုင်မှာ မြောင်ဟိုနဲ့ သူ့သူငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရသည်မို့ သူက ကားကို ပြန်ကွေ့လိုက်သည်။
အိုထယ်ဆော ရဲ့ ပခုံးပေါ်မှာ ခေါင်းမှီပြီးအိပ်နေတဲ့မြောင်ဟိုက လူတွေကြားထဲမှာ ဘာလုပ်နေတာလဲ။
မြင်ကွင်းက ဒေါသထွက်စရာမလို့ သူက ကားပေါ်က အမြန်ဆင်းကာ" ဆောမြောင်ဟို "
သူ့အသံကြားတော့ ခါးမတ်လာတဲ့မြောင်ဟိုက သူ့ကို မြင်ပုံမရ မျက်လုံးကိုမှေးပြီးကြည့်နေသည်။
" ငါက မင်းရှေ့တည့်တည့်မှာ ရပ်နေတာ မြောင်ဟို"
သူကကိုကို့ အသံကို ကြားပေမယ့် မျက်လုံးတွေကဖွင့်မရတာမို့ ကိုကို့ ကို သူသေချာမမြင်ရ။
" ကိုကို ကျွန်တော် ခေါင်းအရမ်းမူးတယ် "
" အင်း ကိုကို တို့အိမ်ပြန်ကြမယ်နော် "
ဆွဲထူတော့မြောင်ဟိုက သူ့ဆီကိုအလိုက်သင့် ပါလာသည်။
ပျော့ဖတ်နေတဲ့ ကလေးလေးကို သူဘယ်လို လုပ်ပေးရမလဲ။
နေ့တိုင်းခေါင်းကိုက်နေတာကြောင့် ဆေးခန်းသွားပြမယ်ဆိုတော့လည်း မြောင်ဟိုက လုံးဝ အသွားမခံ။" ကျေးဇူးဘဲနော် အိုထယ်ဆော "
သူကမေးဆတ်ရင်းဆိုတော့ အဲ့ကောင်လေးက ခေါင်းကို အသာခါကာ