ကိုကို တို့ နှစ်ယောက်လုံးက ယောကျာ်းလေးတွေလေနော် ဘာမှဖြစ်လာနိုင်စရာအကြောင်းမရှိတာမို့.... "
" အဲ့ ပါးစပ်ကိုပိတ်လိုက်ကိုကို "
"မဟုတ်ဘူးကိုကိုပြောတာကိုနားထောင်ပါဦးကလေးလေးရယ်"
" ဟင့်အင်း ကိုကိုပြောလာမယ့် စကားတွေကကျွန်တော့်ရင်ကိုကွဲစေတဲ့စကားမျိုးတွေဘဲထွက်လာမှာကိုကို"
" ကိုကိုပြောတာကိုနားထောင်ပေးပါဦးကလေးလေးရယ်"
" ပြော"
" အခုဖြစ်သွားတဲ့ဟာကို အရင်ဆုံးကိုကိုတောင်းပန်ပါတယ်"
" ........"
"ကိုကိုကတမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်တာကို သိတယ်မလား "
" ကျွန်တော်မသိဘူ အဲ့အချိန်တုန်းက ဘယ်လိုစိတ်မျိုးရှိတယ်ဆိုတာ မခန့်မှန်းနိုင်လောက်အောင်ကြောက်ခဲ့ရတာမို့ "
" တောင်းပန်ပါတယ် ကလေးလေးရယ် "
" အဲ့တောင်းပန်တာကို ဒီလောက်နဲ့ဘဲရပ်လိုက်ပါတော့ တောင်းပန်တာအပြင် ဘာလုပ်တတ်သေးလဲ
တောင်းပန်တာကို လိုချင်ခဲ့တာမဟုတ်ဘူး "
သူ့ကိုမျက်နှာလွှဲပြီးထသွားတဲ့ကလေးက မသွားနိုင်ဘဲပြန်ထိုင်ကျသည်။သူဆွဲထားတော့ သူ့လက်တွေကိုပုတ်ထုတ်သည်။မလိုအပ်ဘူးတဲ့ တင်းခံနေပေမယ့် တအားနာနေလို့ထင်သည် ကလေးလေးကအိပ်ရာထဲကိုပြန်လှဲနေပြီးမှိတ်ထားတဲ့မျက်၀န်းတွေကနေ မျက်ရည်တွေကလည်းစီးကျနေသည်။သူခပ်ဖွဖွ သုတ်ပေးရင်း
" မငိုပါနဲ့ကလေးလေးရယ် "
" ....... "
" တအားနာနေလားဟင် "
" နာတယ် ရင်ဘတ်ထဲကပိုနာတယ် "
" အင်း.. ကိုကိုက သိတာမလို့ မငိုနဲ့တော့နော် "
" အဲ့လိုတော့မဟုတ်ဘူးမလား "
" ဘာကိုလဲ "
" ကျွန်တော် ကချစ်တယ်လို့ ပြောခဲ့လို့ ဒီလိုမျိုးလုပ်တာမဟုတ်ဘူးမလား "
သူကိုကို့လက်တွေကိုဆွဲဖမ်းရင်း အဲ့ဒီစကားကိုဆိုတော့ ကိုကို့ မျက်ခုံးတွေကတွန့်ချိုးသွားပြီးမျက်လုံးတွေဟာလည်းနီရဲလို့လာသည်။