{14}

433 72 23
                                    

" ကိုကို မင်းက အောက်တန်းစားဘဲ "

ကလေးလေး သုံးတဲ့အသုံးအနှုန်းတွေရယ် သူ့
ကိုပြောလိုက်တဲ့စကားတွေကြောင့် သူတစ်ကိုယ်လုံးရေခဲရိုက်ထားသလို။ကလေးလေးက သူ့ကို ဘယ်လိုတောင်ပြောလိုက်တာလဲ
အောက်တန်းစားဆိုတာ ဘယ်လိုစကားလုံးလည်းဆိုတာရောသိရဲ့လားဘဲ။

" အီဆွန်းရီနဲ့ အိပ်ခဲ့တာလား "

"..... "

" ဖြေလေ "

" ...... "

" အဲ့ဒီမိန်းမနဲ့ အိပ်ခဲ့တာလားလို့ !!!! "

သူ့အသံကဟိန်းထွက်သွားပေမယ့် ကိုကိုက လှုပ်တောင်မလှုပ်။

" မေးနေတယ် အဲ့ဒီမိန်းမ.... "

" ဟုတ်တယ် "

" အားးးးး "

သူရင်ဘတ်တွေကအောင့်လိုက်တာ
သူရင်ဘတ်တွေက အောင့်လာလိုက်တာအသက်ရှုလို့ကိုမရဘူး။
ဘာလို့များ ကိုကိုက သူ့ကို မုန်းနေရတာလဲ
ဘာလို့များ ကိုကိုက သူ့ကို မနှစ်မြို့ရတာလဲ။

" ငါ့ရင်တွေ တအားနာရတယ်ကိုကို
မင်းကြောင့်နဲ့လေ ငါ့ရင်ဘတ်တွေ တအားအောင့်ရတယ် ငါမင်းနာမည်ကိုမေ့သွားနိုင်သိပ်ကောင်းမှာ "

ကိုကိုက သူ့ကို ကြေကွဲမှု အပြည့်နဲ့ကြည့်နေပါသည်။မျက်ရည်တွေလည်းဝဲနေတယ်။
သူကိုကို့ အနားမှာရှိနေတဲ့ နေ့ရက်တိုင်းက အကြည်းတန်စရာကောင်းလိုက်တာ။
သူ့ကိုချစ်တယ်လို့ ပြောလို့ သူ့ကိုယ်သူ သတ်သေဖို့အထိလုပ်ခဲ့တာလေ သူဟာအမှတ်သည်းခြေ မရှိတဲ့ သူမို့ အဲ့ဒီအဖြစ်အပျက်ကိုမေ့လျော့နေခဲ့တာ။
သူ့အချစ်တွေက ကိုကို လက်မခံနိုင်လောက်အောင် ရွံစရာကောင်းနေခဲ့တာ။

"ကိုကို ... ငါမေးမယ်နော် "

" အင်း "

" နောက်ထပ်တစ်ခါ    Suicide  လုပ်မှာစိုးလို့ ဂရုတစိုက်အရေးတယူရှိနေပေးခဲ့တာလား  "

"....... "

"ဖြေပါ ကိုကိုရယ် ငါစိတ်နာလို့ကောင်းသွားအောင် အမှန်တိုင်းဖြေပေးပါ "

" အင်း "

"အစောက ​ငါပြောတဲ့စကားက မှန်ရဲ့လား "

လောင်းရိပ်မိသောအချစ်Where stories live. Discover now