" ကိုကို "
" ဟင် "
" ငါဒီနေ့အပြင်သွားချင်လို့ ရုံးသွားရင် ကားအကြုံလိုက်ခဲ့လို့ရမလား "
" ငါ ..... "
"ဟို.. ကျွန်တော်ဝယ်စရာလေးရှိလို့ပါ
ဆေးလိပ်တွေလည်း ကုန်နေပြီ ပြီးတော့ တခြားဟာတွေရော "" ဆေးလိပ်တွေ မသောက်နဲ့တော့ "
" စိတ်ညစ်တာတွေပျောက်တာ ဆေးလိပ်ဘဲရှိတယ် "
" မင်းက နေသိပ်ကောင်းတာမဟုတ်ဘူးလေ
မသောက်နဲတော့ "ကိုကို့ စကားကြောင့်သူသိများသိသွားလားလို့ မော့ကြည့်မိပေမယ့် ကိုကိုက သူ့ကို ပုံမှန်လိုသာကြည့်နေသည်။
"မသောက်နဲ့တော့နော်
ကိုကို ဒီနေ့ အလုပ်နားလိုက်မယ် မင်းသွားချင်တဲ့နေရာ လိုက်ပို့မယ် "" တကယ် လိုက်ပို့မှာလား "
" အင်း "
" လမ်းရောက်မှ အလုပ်ရှိတာ ဘာညာမလုပ်ရဘူးနော် "
ကလေးလေးက သူ့ကိုမယုံကြည်တာမို့ မျက်လုံးတွေကို တည့်တည့်ကြည့်ကာ ကတိပေးလိုက်သည်။
" အင်း.. ကတိပေးတယ်နော် "
" ဟုတ် ဒါဆို ခနနေတွေ့မယ်နော် "
ပြုံးကာရွှင်ကာ ထွက်သွားတဲ့ ကလေးလေးကို သူအမြဲ ဒီလိုလေးတွေ့ချင်လိုက်တာ။
ခနအကြာမှာတော့ အပြင်သွားဖို့ အဆင်သင့်ဖြစ်တဲ့ကောင်လေးက သူ့ဆီကိုရောက်လာသည်။" ကျွန်တော်မသွားခင် ကိုကို့အတွက် ပန်းချီလေးတစ်ပုံဆွဲခဲ့ပေးမယ် "
" ဘာပုံလေးဆွဲပေးမှာလဲ "
"ဒါကတော့ မစဥ်းစားရသေးဘူး ဒီတစ်ခါတော့ သူများကို မပေးပစ်ရဘူးနော် "
" မပေးပါဘူးခင်ဗျာ "
" အင်း ကိုကို ရှေ့ကိုကြည့်မောင်းဦး "
" ဟုတ်ပြီ "
ခြေတိုတောင် နေရာစုံကို ပတ်ပြီးတဲ့ နောက်မှာတော့မောသွားတဲ့ကလေးက မုန့်ဝင်စားပြီး အိမ်ကို ပြန်ခဲ့သည်။
ဒီနေ့မှာတော့ သူကလေးလေး ရဲ့ အပြုံးတွေ ကို အများကြီး မြင်ခဲ့ရတာမို့ တန်ပါတယ်လေ။
ညနေထမင်းစားတော့လည်းနှစ်ယောက် အတူတူစားဖြစ်ခဲ့ပါတယ်။