{16}

431 75 19
                                    

" မရဖူး အန်တီ ကျွန်တော်က လုပ်ငန်းစပြီးတည်ထောင်တည်းက ကျွန်တော့်နာမည်နဲ့
လုပ်တာမဟုတ်ဘူး "

" ကျွန်တော်က လုပ်ငန်းကိုဘဲ ဦးစီးနေ တာ
အဲ့ လုပ်ငန်းက သူ့အပိုင် "

သူဖုန်းပြောတာ ကျယ်သွားလို့လားမသိ
အိပ်နေတဲ့ကလေးက လှုပ်လာသည်။
မနက်ရောက်တာတောင် လက်ဖောင်းဖောင်းလေးတွေက အရောင်မ​ပျောက်သေး။
သူက ကလေးလေးနိုးမှာကြောက်လို့ ဖုန်းကိုကုတင်ပေါ်က ထကာ ပြတင်းပေါက်နားမှာသွားပြောလိုက်သည်။

" နောက်ထပ် ၂ရက် ၃ရက် လောက်တော့မလာနိုင်သေးဘူး အိမ်က ကလေး နေမကောင်းလို့ "

" ကျွန်တော်ရုံးကိုလာမှ
ဆက်ပြောကြတာပေါ့ "

" အဲ့တာဆို ဒါဘဲနော် "

သူနိုးတော့ ကိုကိုက ဖုန်းပြောနေသည်။
သူကိုမြင်တော့ ခေါင်းငြိမ်ကာ ပြုံးပြသေးသည်။သူကမြန်မြန် ပြတင်းပေါက်ကနေ ရာသီဥတုအခြေအနေကို ကြည့်လ်ုက်သည်။
အဲ့တာကြောင့်မိုးအုံ့နေတာကို။

" နိုးပြီလား မြောင်ဟို  "

" ဟုတ်ကဲ့ "

" သက်သာလား ဖျားနေတယ်နဲ့တူတယ် "

" ဟုတ်သက်သာပါတယ် "

" ဘာသက်သာတာလဲ ဒီမှာကိုပူနေတာကို "

ကိုကိုက သူ့နဖူးကိုစမ်းရင်း ဆူပူလာသည်။
ဒါဆိုရင်အိမ်မက် မက်နေတာဘဲပြန်အိပ်လိုက်ဦးမယ်။

စကားပြောရင်းနဲ့ မျက်လုံးကိုအတင်းမှိတ်ထားတဲ့ကလေးကြောင့် သူက ဆွဲထူလိုက်သည်။

" ဘာဖြစ်လို့လဲ မြောင်ဟို "

" အိမ်မက်  မက်နေတာ မဟုတ်ဘူးလား "

သူပြောတော့ ကိုကိုက မျက်နှာပျက်သွားသည်။သူကိုကို စိတ်မကောင်းဖြစ်အောင်များလုပ်လိုက်မိတာလား။

" နိုးရင်ထတော့ ဒေါ်ကြီးက သူ့သားတွေဆီ ခနပြန်တယ် ဒီတလော ကိုကို တို့ဘဲ မီးဖိုချောင်ကြီးကြပ်ရမှာ "

" အယ် ကျွန်တော်တို့ ဟင်းမှ မချက်တတ်ကြတာ ဘယ်လိုလုပ်မလဲ "

" ဘယ်သူက ပြောလို့လဲ ကိုကို ချက်တတ်တယ်လေ "

လောင်းရိပ်မိသောအချစ်Where stories live. Discover now