" မြောင်ဟို သားလေးထ ဆေးသောက်ဦး "
အဒေါ်ကြီးခေါ်တာကိုကြားပေမယ့် သူတကယ်ကို နေမကောင်းဖြစ်နေသည်အတွက် လုံးဝ မျက်လုံးပင်မဖွင့်နိုင်။
"ထားလိုက်ဒေါ်ကြီး ကျွန်တော်သောက်လိုက်မယ် ... "
"ထပါ သားလေးရယ် ဒီလိုနဲ့အဖျားတအားကြီးသွားမယ် "
" ကိုကိုရော "
"သား ကိုကို အလုပ်သွားတယ် "
" ကျွန်တော် နေမကောင်းတာသိလား"
" သိတယ် အဲ့တာကြောင့် ဒေါ်ကြီးကို မှာခဲ့တာ ဆေးသေချာတိုက်တဲ့ "
ရပြီ သူဒီလောက်ဆိုဆေးမသောက်တော့ဘူး သူနေမကောင်းတာကိုသိရက်နဲ့ တစ်ချက်လာမမေးတာ သူနေကောင်းနေတော့လည်း ဘာမှ ထူးတာမဟုတ်။
ကိုကို မလာလည်းဘာအရေးလဲ ကိုကိုပေးထားတဲ့အရုပ်နဲ့ဖက်အိပ်မှာပေါ့။~~~~~~~~~
သူပြန်နိုးလာတော့ ညနေ ၆ နာရီထိုးနေပြီ
ပုံမှန်ဆို ကိုကိုက ၅နာရီခွဲဆိုပြန်လာနေကြလေ။အခုနောက်ကျနေပြီလေ။
ကိုကို တစ်ခုခုများ
စိုးရိမ်းစိတ်ကြီးစွာနဲ့ သူဖုန်းဆက်တော့"ဟယ်လို "
မိန်းမတစ်ယောက်ကိုင်တာမို့ သူကဖုန်းမှားခေါ်မိသလားလို့ပြန်ကြည့်ရသေးသည်။
မမှားဘူးဘဲ သူမှတ်ထညးတဲ့အတိုင်း ကိုကို့ ဖုန်း" ဘယ်လို ဘယ်သူလည်းမသိဘူး "
" ကျွန်တော်ပါ ကိုကိုရော "
" အာ... မောင်လေး မြောင်ဟိုလား
မင်း ကိုကိုက မုန့်သွားမှာနေတယ်
ဖုန်းနံပါတ်က မှတ်မထားတော့ မမကဘယ်သူလဲ လို့ ဘာပြောစရာ ရှိလို့လဲ "" မဟုတ်ပါဘူး ကျွန်တော် နေသိပ်မကောင်းချင်လို့ ကိုကို ပြန်လာရင် မုန့်တစ်ခု ဝယ်ခဲ့ ပါဦးလို့ "
" မင်း ကိုကို လာနေပြီ ပြောဦးမလား "
" မပြောတော့ဘူး မမ ဒါဘဲ နော် "
မမဆွန်းရီ စကားပြန်ပြောတာ ကို မစောင့်ဘဲ
သူဖုန်းချလိုက်သည်။
ဟင့်အင်း သူကိုကို နဲ့ဖုန်းမပြောချင်ဘူး
သူ့ဖုန်းနံပါတ်ကိုတောင်မှတ်မထားတဲ့ သူကို သူစိတ်ဆိုးတယ်။
ဆေးလည်း သောက်ထားတာမဟုတ်တဲ့အတွက် သူတော်တော် နေရခက်နေပါသည်။
တစ်ကိုယ်လုံးလဲ မီးလောင်နေသလို။