အခန်း (၁၃)

213 32 10
                                    

လူတစ်ဦးတစ်ယောက်ဟာ မှတ်ဉာဏ်တွေကို အလေးထားရမယ်တဲ့ ။ မှတ်ဉာဏ်တွေဟာ လူ့ဘဝရဲ့ အနှစ်သာရပဲ ။ ဘာကိုမှ မှတ်သားနိုင်စွမ်းမရှိတဲ့ လူတစ်ယောက်ဟာ သေသွားတာထက် ဆိုးတယ် တဲ့ ။

ချန်း စာအုပ်တစ်အုပ်ထဲက ဖတ်ဖူးသည့် စာကြောင်းများကို ပြန်လည်တွေးတောနေမိသည် ။ မျှော်လင့်နေခဲ့ရသော စာမေးပွဲကာလကြီးဟာ ခက်ခက်ခဲခဲ ပြီးဆုံးသွားပြီ ဖြစ်၏ ။ ထို့ကြောင့် လူ့ဘဝ၏အနှစ်သာရဖြစ်သော မှတ်ဉာဏ်များကို ရေးဆွဲရန် မမနှင့်အတူ ဂျယ်ဂျူသွားဖို့ ဖြစ်လာလေသည် ။

ဂျယ်ဂျူသည် မမ၏ မွေးရပ်မြေကလေး ဖြစ်သည် ။ မမငယ်ငယ်က ဂျယ်ဂျူက ကျောင်းမှာတက်ပြီး အဘွားနှင့်အတူတူ ကြီးပြင်းခဲ့သည်ဟု သိရသည် ။ ထို့ကြောင့် မမအသေးစားလေး၏ ခြေရာများ ထင်းနေမည့် ဂျယ်ဂျူသို့ သွားချင်စိတ်များက ချန်းတွင် တဖွားဖွားမဟုတ်ပါလား ။ လွန်ခဲ့သည့်နှစ်ပတ်က မမနှင့်ပြောခဲ့မိသည့် အကြောင်းအရာများကို ချန်းကား မေ့ထားမိသည် ။ အများကြီး တွေးမနေတော့ဘဲ ပေါ့ပေါ့ပါးပါးပင် ထားလိုက်သည် ။ ထိုသို့ မထားဘူးဆိုပါကလည်း အတွေးလွန်ကာ စိတ်ဆင်းရဲရမည့်သူမှာ ချန်းပင် ။ မမ သူ့ကို ပြောဖူးသည်လေ ။ ချစ်ရတဲ့သူတွေကို အချိန်ပေးချင်တယ် ၊ မေမေနဲ့ သူ့ကို အချိန်ပေးချင်တယ်ဆိုပြီး ။ အဲဒါကြောင့် မမ သူ့ကို ထားခဲ့ဖို့ဆိုတာ မဖြစ်နိုင်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ၊ မမနှင့်ပတ်သက်၍ ပေါ်လာသော မကောင်းသည့်အတွေးမှန်သမျှကို ဖျောက်ပစ်ကာ ဂျယ်ဂျူသို့ စိတ်လွတ်ကိုယ်လွတ် ထွက်လာခဲ့လေသည် ။

ဂျယ်ဂျူခရီးသည် ချန်းအတွက် ပထမဆုံးဖြစ်သည့်အတွက် သွားရမည့်နေ့၌ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေမိသည့်သူမှာ ချန်းပင် ဖြစ်လေသည် ။ နွေလုံးလုံးရောက်ပြီ ဖြစ်သဖြင့် ရာသီဥတုကား ဂျယ်ဂျူသွားဖို့ အကိုက် ။ သုံးနာရီနီးပါး ကားစီးရမည်ဖြစ်သဖြင့် ပေါ့ပေါ့ပါးပါးပင် ဝတ်စားထားမိသည်မှာလည်း ဘောင်းဘီအတိုကလေး ၊ ချည်သားရှပ်အင်္ကျီအပွကလေးဖြင့် ။ မမတစ်ယောက်ကတော့ အနည်းငယ် နေလို့မကောင်းချင်ဘူးဟုဆိုကာ မထူမပါးဆွယ်တာကလေးကို ဝတ်ဆင်ထားလေသည် ။ စာမေးပွဲကာလအတွင်းတုန်းက နေ့မပြတ် ညမပြတ် စာကြည့်သမျှဟာ စာမေးပွဲပြီးသည့်နောက် မမကို လာရိုက်ခတ်ဟန်တူ၏ ။ နွမ်းလျနေသည့်မျက်နှာကလေးကို မြင်ရတော့ ချန်းမှာ မပျော်‌နိုင်တော့ပြန် ။

မမWhere stories live. Discover now