(အပိုင်း18)

6.8K 107 4
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း18)

နွေဦးကိုယ်လေးကိုတင်းကြပ်စွာထွေးပိုက်ထားတာကြောင့်..အသက်ရှူတွေတောင်ကျပ်လာမိသည်။

''အစ်ကို...ဘာဖြစ်နေတာလဲ..လွှတ်ပါအုံး နွေဦးအသက်ရှူတွေတောင်ကျပ်နေပြီ''

အဲ့တော့မှ အသိစိတ်တွေပြန်ဝင်လာပြီး...ဖက်ထားမိတဲ့လက်တွေကပြေလျော့သွားတော့သည်။

''နွေဦး..''

''မင်းကိုယ့်ကိုဘာလို့လိမ်ထားတာလဲကွာ ဟမ်''

''ရှင်..ဘာကို...''

နွေဦးစကားမဆုံးလိုက်ခင် အခန်းထဲသို့ရောက်ရှိလာတဲ့အရိပ်တွေ။

''သမီး''

ခေါ်သံနဲ့အတူဝင်လာတဲ့နွေဦးရဲ့အမေ အနောက်ကနေအစ်မဖြစ်သူကလိုက်ဝင်လာသည်။

''မေမေ''

''မမ''

''လာ ညီမလေး ပြန်ကြရအောင်''

''ဟင်အင်း မပြန်ဘူး အစ်ကို လုပ်ပါအုံး နွေဦးကိုပြန်ခေါ်နေပြီ''

အားကိုးတစ်ကြီးဆုပ်ကိုင်လိုက်မိတဲ့လက်တစ်စုံ။

ဒါပေမဲ့...ဆွဲထားမယ်လို့ထင်ခဲ့တဲ့လက်တစ်စုံက လွှတ်ချလိမ့်မယ်လို့ဘယ်ထင်ထားပါ့မလဲ..

''တော်ပြီ နွေဦး မင်းအမေတို့နဲ့ပြန်လိုက်သွားတော့''

''ဟမ်..ဘာ ဘာလို့လဲ ဘာလဲ နွေဦး အစ်ကို့ကိုလိမ်ခဲ့မိလို့လား ဟုတ်လား နွေဦးရှင်းပြပါ့မယ် နွေဦးကိုတော့ ပြန်မထည့်လိုက်ပါနဲ့ နွေဦးတမင်ရည်ရွယ်ပြီးလိမ်ခဲ့တာမဟုတ်ပါဘူး နွေဦးက...''

''တော်တော့ နွေဦးသော်တာ''

''မင်း ကိုယ့်ကိုဘယ်ချိန်ထိ ဆက်လိမ်နေအုံးမှာလဲ''

အို သူ့ငါ့ကိုတအားစိတ်ဆိုးနေတာပဲ မရည်ရွယ်ပဲလိမ်ခဲ့မိတာဘာ ကိုကိုရယ်
နွေဦးတမင်ရည်ရွယ်ခဲ့တာမဟုတ်ပါဘူးဆိုတာ ကိုကို ကိုဘယ်လိုတောင်ရှင်းပြရမလဲ...

''အစ်ကို ''

''မခေါ်နဲ့ မင်းမှာအဲ့လိုခေါ်ခွင့်လဲမရှိတော့ဘူး မင်းကွာ တောက်စ် သွား အခုချက်ချင်းငါ့အိမ်ထဲကနေထွက်သွား''

ဖူးစာ၏လှည့်ကွက်  (Completed)Where stories live. Discover now