Episode - 2 (Zawgyi)

809 5 0
                                    

Episode (2)

ကျောင်းခန်းလေးရဲ့ပြတင်းတံခါးကိုမှီကာ နွေး ထိုင်ငိုင်နေမိသည်။
လူကြီးချင်းသဘောတူစေ့စပ်ထားခဲ့သည့် ဇေယျာဆိုတဲ့အမျိုးသားဟာ ဒီနေ့မှာပဲ စေ့စပ်ပွဲကိုအရင်လာဖျက်သွားခဲ့လေပြီ။

နွေးဘဝရဲ့မမျှော်လင့်ခဲ့ဖူးသော နေ့တစ်နေ့ဟာ ဒီနေ့ပါပဲ။

" နွေးကို ကိုယ်ပြောစရာရှိတယ် "

" အင်း ပြောလေ ရွာအထိ တကူးတကလိုက်လာပြီးပြောပုံထောက်ရင်တော့ ဇေယျာပြောမဲ့စကားက အရမ်းအရေးကြီးမယ်ထင်တယ် "

နွေးပြောတော့ ဇေယျာက သက်ပြင်းဖွဖွချသည်။

နွေးနဲ့ဇေယျာဟာ ကျောင်းနေဖက်သူငယ်ချင်းဖြစ်ပြီး ငယ်သူငယ်ချင်းအရင်းအချာဆိုလည်း မမှားနိုင်ပါ။
လူကြီးချင်းကလည်း အတော်လေးရင်းနှီးခဲ့ကြတော့ နှစ်ယောက်သားကို အိမ်ထောင်ရက်သားချပေးဖို့အထိ စီစဉ်ခဲ့ကြပြီး လောလောဆယ်စေ့စပ်ပွဲလေးတစ်ခုကိုတော့ နွေး ဒီရွာလေးဆီ ရောက်မလာခင်မှာပဲ ကျင်းပပေးခဲ့ကြသည်။

" ကိုယ်တို့စေ့စပ်ပွဲကိုဖျက်လိုက်ကြရအောင် "

" ဘယ်လို.. "

" ကိုယ်တောင်းပန်ပါတယ်နွေးရယ် ကိုယ်လေ နွေးကိုလက်မထပ်နိုင်ဘူး "

" ဒါဆို ဘာလို့အစောကတည်းက မငြင်းခဲ့တာလဲ ဇေယျာ ဘာကြောင့်မငြင်းခဲ့တာလဲ "

" ဒါက.. "

တိကျတဲ့အဖြေတစ်ခုကို ဇေယျာ့ဘက်က မပေးခဲ့ပါ။
နွေးစိတ်ကို အဆုံးထိလျော့ချလိုက်ကာ ဇေယျာပြောသည့်ကိစ္စကို လက်ခံဖို့ဆုံးဖြတ်ခဲ့လိုက်သည်။
တကယ်ဆို နွေးဘက်ကလည်း ချစ်လွန်းလို့လက်ခံခဲ့တာမှမဟုတ်ဘဲလေ။
အစစအရာရာပြည့်စုံတဲ့ဇေယျာတို့မိသားစုအသိုင်းအဝိုင်းတစ်ခုထဲ ဝင်ဆံ့နိုင်စေဖို့ နွေးဘက်က သင့်တော်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ရုံပါ။

သို့ပေမယ့် ဇေယျာ့ဘက်ကငြင်းဆန်နေသည်ကို အရှက်မရှိပြန်ဆွဲထားမည့်မိန်းမစားမျိုးတော့မဟုတ်။
ဒါကြောင့်နွေးရဲ့ဆုံးဖြတ်ချက်ကို မေမေတို့လက်သင့်ခံလောက်မှာပါ။

ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now