Episode (6)
တစ်ရွာလုံးက လူပျို/အပျိုတွေစုစည်းရောက်ရှိနေသည့် ရွာဦးစေတီတော်မြတ်ကြီးတွင် နက္ခတို့ မောင်နှမတသိုက်လည်း ရောက်ရှိနေလေပြီ။
" ဟဲ့ အေးမာ သွား နင့်အကောင်ဆီသွားတော့ ငါ့နားလာကပ်မနေနဲ့တော့.. "
ဂြိုလ်တိုင်နားတွင်ရပ်နေသည့်ဆရာလေးသုတကိုလက်ညှိုးထိုးပြလိုက်ပြီး နက္ခအရောက်ပို့လိုက်သည်။
" ဒီနေ့တော့ ပျော်လိုက်အုံးအေးမာ "
တစ်ကိုယ်တည်းရေရွတ်ရင်း စေတီပေါ်တက်လာမည့် ဆရာမလေးကို လည်တဆန့်ဆန့်နဲ့မျှော်နေလိုက်သည်။ဟော.. တွေ့ပါပြီ။
အဝါရောင်ဝမ်းဆက်လေးနဲ့ကျော့နေအောင်လှရက်လွန်းပါသော ချစ်ရတဲ့ဆရာမလေး။
နက္ခမျက်လုံးထဲ ဘေးတွင် ပါလာသည့်ဆရာမတွေကိုမမြင်ဘဲ မျက်လုံးထဲကွက်ပြီးမြင်နေသည်မှာ ဆရာမနွေးနွေးပါပဲ။ဆီမီးခွက်လေးတွေနဲ့ နက္ခသောင်းလှိုင်တစ်ယောက် အနားကိုပြေးသွားလိုက်ပြီး...
" ဆရာမလေးက ဒီကိုလာလိုက် ကျန်တဲ့ဆရာမတွေက ရင်ပြင်နေရာအကျယ်ကြီး နေသာသလို နေလိုက်ကြနော် လာ "
နွေးမှာ မိမိ လက်ကိုအတင်းဆွဲသွားသူရဲ့နောက် ကြောင်အပြီး လိုက်လာမိ၏။
" ဘာလုပ်တာလဲ "
" ကျုပ်နဲ့ဒီမှာ ဆီမီးထွန်းရအောင်လေ ဘဝဆက်တိုင်းပြန်ဆုံကြရစေဖို့ ဆုတောင်းကြရအောင် "
" ဘာလို့ဆုတောင်းရမှာလည်း ဒီမှာ ကျွန်မလေ ရှင့်ကိုချစ်ကြည့်ဖို့ကြိုးစားသေးတယ်သိလား ဒါပေမယ့် ဘယ်လိုမှအဆင်မပြေဘူး ရှင့်စရိုက်နဲ့ကျွန်မက အဆင်ပြေမှာမဟုတ်ဘူး အဲ့တော့ အခုကတည်းက ကျွန်မကိုလက်လျော့လိုက်တော့ နက္ခသောင်းလှိုင် "
ပြောပြီး ထထွက်သွားသည့်သူကို နက္ခတားဖို့တောင် မေ့လျော့နေခဲ့သည်။
တစ်လျှောက်လုံးဆိုးခဲ့သမျှ အခုမှနောင်တရချင်လာသလိုဖြစ်နေသည်။နေရာမှာတင် ငုတ်တုပ်ထိုင်နေသည့်နက္ခအနားကို ဟေသာသောင်းလှိုင်က အပြေးလေးရောက်လာ၏။
" သွားလေ ဟိုမှာဆရာမလေးရောက်နေပြီ လှုပ်ရှားတော့ မြန်မြန်ထလေ "
![](https://img.wattpad.com/cover/365993300-288-k712090.jpg)
YOU ARE READING
ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် (𝐎𝐧𝐠𝐨𝐢𝐧𝐠)
Romanceသောင်းလှိုင်အိမ်ရဲ့အော်ကြောလန်သားအငယ်ဆုံးလေး နဲ့ မြို့ပေါ်ကနေ ရွာကိုတာဝန်ကျလာသော ဆရာမလေးတို့နှစ်ယောက်ရဲ့ မနဲ့မောင် အချစ်ဇာတ်လမ်းလေး💗 Available for Unicode & Zawgyi ❗