In Married Life;Episode [8]

939 56 18
                                    

• ချစ်လူမိုက် ချစ်လို့မိုက်ပါတယ်
             In Married Life, EXTRA •

Episode (8)

တစ်ယောက်ထဲဖြစ်နေလေသော ပျဉ်ထောင်အိမ်လေးတွင် နက္ခသောင်းလှိုင်တစ်ယောက် ဟိုလှိမ့်၊ဒီလှိမ့်ဖြင့် ညည်းတွားလျက်ရှိသည်။

" နွေးရေ မောင်အခုပျော်မနေဘူး မောင့်ကိုလာခေါ်ပါတော့.. ဒီမှာ တစ်ယောက်ထဲ မနေချင်ဘူး "

အလုပ်မလုပ်တော့သည့်အပြင် အိမ်ထဲက အိမ်ပြင်တောင်ထွက်မလာသလို ထမင်းကိုလည်း အမိုးကိုယ်တိုင်လာခွံ့ကျွေးနေရသည်။

" အယ်..အမိုးရဲ့ သားသားလေးနိုးနေပြီလား "
မနက်စာလာပို့သည့်အမိုးမှာ အိပ်ခန်းထဲလူးလှိမ့်နေသော နက္ခကိုမြင်တော့ အပြုံးလေးဖြင့် ပြော၏။

" အဟင့် အမိုးရေ နွေး မပါလာဘူးလား သားမိန်းမ ပါမလာဘူးလားလို့ "

အိပ်ခန်းအပြင်ဘက် လှမ်းလှမ်းကြည့်နေသော သားကိုမြင်တော့ မိခင်ဖြစ်သည့်သူမှာလည်း စိတ်မချမ်းသာ။

" ဟေ့ကောင် နက္ခ "
အမိုးနောက်ကနေ ထွက်လာသည့် တောင်စိမ်းနဲ့တောင်မှိုင်းတို့နှစ်ကောင်မှာ စပ်ဖြဲဖြဲမျက်နှာမျိုးဖြင့် လှမ်းခေါ်လေ၏။

" ဘာလဲ မင်းတို့က ငါ့ကို လာလှောင်ကြတာလား "

" မဟုတ်ရပါဘူးကွာ ငါတို့ဘော်ဒါကြီးအတွက် အကောင်းဆုံးဖြစ်မဲ့နည်းကို လာပြောပြတာ "

" အခုချိန်မှာ နွေးအသံကလွဲပြီး ဘယ်သူ့အသံမှမကြားချင်နေဘူးနော် ငါ့မိန်းမကို အခုသွားခေါ်ပေးကြပါ.. နွေးရေ.. အိမ်ကြီးကငိုနေပြီ နွေးပြန်မလာလို့တဲ့ သူလွမ်းနေတာတဲ့ "

အသံနက်ကြီးဖြင့်တစ်မျိုး၊ငိုသံပါကြီးဖြင့်တစ်ဖုံ ထထအော်နေသည့် နက္ခသောင်းလှိုင်ကြောင့် ဘေးပတ်ဝန်းကျင်မှာ နားညည်းနေရတော့၏။

" သားလေး မျက်နှာသွားသစ်လိုက်အုံး အမိုးက မနက်စာကို သားကြိုက်တဲ့ ဘိုစာလေးပြင်လာခဲ့တယ် "

" အဲ့တာတွေတစ်ခုမှမစားချင်ဘူး နွေးနယ်ပေးတဲ့ ပဲပြုတ်ထမင်းဆီဆမ်းပဲစားချင်တာလို့ "

" နောက်တော့စားရမှာပေါ့ကွယ် ဆရာမလေးကို အမိုးသေချာနားဝင်အောင်ကူပြောပေးနေပါတယ် သားငယ်လေးရယ် "

ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now