In Married Life;Episode [6]

1K 66 10
                                    

• ချစ်လူမိုက် ချစ်လို့မိုက်ပါတယ်
             In Married Life, EXTRA •

Episode (6)

" နွေးကို မောင်တိုးတိုးလေး မေးမလို့ "

အမောင်နက္ခမှာ ထူးထူးခြားခြား တိုးတိုးလေး မေးမလို့တဲ့လေ။

" ဘာမေးမလို့လဲ မေးလေ "

အရွက်သင်နေသည့် နွေးဘေးကို ကပ်ထိုင်လာပြီး ဘေးတွင် ဟင်းချက်ဖို့အတွက် အဆင်သင့်လှီးဖြတ်ထားလေသော ကြက်သွန်ဖြူ၊နီ တွေကို ငရုတ်ဆုံလေးထဲထည့်ကာ ကူထောင်းပေးနေသည်။

" နွေး အစ်ကိုက အေးမာကို ကြိုက်နေတာလား "

" ဟင် ဟုတ်လို့လား "

" ဟုတ်မဟုတ်တော့မသိဘူး သူတို့နှစ်ယောက်ကိုကြည့်ရတာ တပူးပူး တတွဲတွဲနဲ့ဆိုတော့ မောင်က အဲ့လိုထင်တာလေ "

အရွက်သင်နေရင်း နွေးမှာလည်း မျက်လုံးကလေးကလယ်ကလယ်နဲ့ စဉ်းစားမိပြန်သည်။

" သူများအကြောင်းမပြောတော့ဘူး မောင်တို့အကြောင်းပဲပြောကြရအောင် နွေး မောင့်ကို ဘယ်တော့ ကလေးမွေးပေးမှာလဲ "

" မောင်က ကလေးတော်တော်လိုချင်နေတာလား "

" အင်းလေ မောင်တော်တော်ဖြစ်နေတာကို အခုမှသိတာလားလို့ "

" တကယ်တော့လေ နွေး ကလေးမွေးရမှာ ကြောက်နေလို့ စိတ်ထဲမှာလည်း အဆင်သိပ်မပြေသေးလို့လေ ဒါပေမယ့် မောင့်အတွက် တစ်ယောက်လောက်တော့ မွေးပေးမှာပါ ခဏတော့ စောင့်ပေးလေ နော် "

" ဟင် နွေးကလည်း ကလေးမွေးတာ ဘာများခက်လို့လဲ မောင်တို့ရွာက အရီးတင့် တောင်မှ အားတိုင်းကလေးတွေ တရစပ် မွေးနေတာ အေးဆေးပဲ ကြောက်စရာမရှိဘူး "

နက္ခသောင်းလှိုင်မှာ သူမမွေးရတိုင်း အလွယ်လေးထင်နေသည့် ခပ်ပေါ့ပေါ့ ကောင်ဆိုးလေးပင်။

" နောက် နှစ်နှစ်လောက်ဆို မွေးပေးမယ်လေ ဟုတ်ပြီလား "

" မဟုတ်ပြီဘူးနော် သဘောမတူဘူး မောင်က အခုလိုချင်နေတာလေ ချက်ချင်းမွေးပေးပါဆို "

" ကျစ်! စိတ်ညစ်လာပြီ မောင်ရယ် သွားတော့ အပြင်မှာ သွားနေ အထဲဝင်မလာခဲ့နဲ့ "

ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now