Episode (8)
" လူဆိုးလေး ဒီနှစ်တွေမှာ လိမ္မာရဲ့လား "
နားဝင်ချိုအေးစေတဲ့ ရေကြည်အေးလေး။
" ဆရာမလေးက ကျုပ်ကို ထားပစ်ခဲ့တယ် ကတိလည်းမတည်ဘူး ကျုပ်က ညနေတိုင်း ရွာအဝင်မှာစောင့်နေခဲ့တာ "
" ဟုတ်လား ဒီနေ့တော့ မတွေ့မိဘူးနော် "
" ဟမ် အဲ.. တစ်ရက်တစ်လေတော့လဲ ရှိတာပေါ့ ဒါပေမယ့် ကျုပ်ညနေတိုင်းနီးပါး သွားသွားစောင့်နေတာ အမိုးသိတယ် မယုံရင် အမိုးကိုမေးကြည့်ပါလား "
အရင်တည်တည်တံ့တံ့နေခဲ့သမျှ ဆရာမလေးကိုမြင်တာနဲ့ ရင်ခွင်ထဲဝင်ပြီး ချွဲပစ်ချင်စိတ်က တားမရ၊ဆီးမရ။
" တကယ်တော့ နွေးဖေဖေဆုံးပြီး မေမေကလည်း စိတ်ထောင်းကိုယ်ကြေဖြစ်နေတော့ နွေး ဒီရွာလေးကို ပြန်မလိုက်လာခဲ့တာပါ အခုတော့ မေမေလည်း.. "
" သူလည်းသေပြီလား "
နွေးစကားမဆုံးခင် နက္ခတစ်ယောက်ကြားဖြတ်ဝင်ပြောလေတာ ဗိုက်ခေါက်ကြောလိမ်ဆွဲခံလိုက်ရလေသည်။
" သေစရာလား! မေမေမသေပါဘူး သူအတော်လေးအခြေအနေကောင်းသွားလို့ နွေးဒီကိုပြန်လာခဲ့တာ "
" ကျွန်တော်တို့တွေက ဆရာမလေးပြန်ပါမလာတော့ စိတ်ထဲဝမ်းနည်းနေကြတာ အဆိုးဆုံးကတော့ နက္ခသောင်းလှိုင်ပေါ့ သူ့ခမျာ အရူးတစ်ယောက်လိုပါပဲ "
" ပြောလိုက် ပြောပြလိုက်!! "
ယက္ခစကားပြောနေတုန်း အနောက်ကနေ ဝင်ဝင်ပြောနေသည့် သကောင့်သားနက္ခကို တစ်အိမ်လုံး အမိုးနဲ့မရီးမှလွဲ၍ ကြည့်မရကြတော့။
" ဆရာမလေးက ကျုပ်တို့အိမ်မှာ နေမှာလား လာလာ ကျုပ်ဘေးအခန်းမှာ နေ "
" နက္ခသောင်းလှိုင် နင့်ပါးစပ်ကိုပိတ်စမ်း ဘယ်လိုလုပ်ဆရာမလေးက ငါတို့အိမ်မှာနေမှာတုန်း ရူးများနေသလားမသိ "
" ပါးစပ်ပိတ်ရမှာ နင်လေ အေးမာရဲ့ လျှာကိုဝင်ရှည်တာ "
ကိုက်ဖို့လမ်းစရှာနေကြသော အငယ်တွေကိုလည်း ယက္ခ မနိုင်။
သူတို့နှစ်ယောက်တည်းဆိုရင်သာ အမြဲရန်ဖြစ်လိုက်၊သတ်လိုက်နဲ့ရှိပေမယ့် ယက္ခကြားဝင်ဖြေရှင်းလိုက်ပါက နှစ်ယောက်တည့်သွားတတ်ပြီး ယက္ခအားအကြီးအကျယ်နှိပ်ကွပ်ပွဲကြီးကို နေ့မအား၊ညမနား ဝိုင်းပြောတတ်ကြတဲ့ ဟာတွေဖြစ်တာကြောင့် ယက္ခမှာ ဖာသိဖာသာ မသိသလိုနေနေရ၏။
![](https://img.wattpad.com/cover/365993300-288-k712090.jpg)
YOU ARE READING
ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် (𝐎𝐧𝐠𝐨𝐢𝐧𝐠)
Romanceသောင်းလှိုင်အိမ်ရဲ့အော်ကြောလန်သားအငယ်ဆုံးလေး နဲ့ မြို့ပေါ်ကနေ ရွာကိုတာဝန်ကျလာသော ဆရာမလေးတို့နှစ်ယောက်ရဲ့ မနဲ့မောင် အချစ်ဇာတ်လမ်းလေး💗 Available for Unicode & Zawgyi ❗