Episode (5)
အခုဆို ဘွားစိန်မြအိမ်မှာ ဘုရင်ကြီးကြွလာသလား အောက်မေ့ရသည်။
လာလိုက်တဲ့အပျိုတွေများ ဘွားစိန်မြမှာမျက်နှာပွင့်လို့..။" ဘွားစိန်မြ ဒီကိုကြည့်ပါအုံး ကျုပ် အိုကလေ ရဲ့လား "
နက္ခဟာ ရေးတတ်၊ဖတ်တတ်သည့်အတန်းလောက်ပဲတက်ခဲ့တာဖြစ်ပြီး တီဗီမှာလာသည့် ဘိုစကားတွေကိုလည်း မတတ်တခေါက်ပြောချင်နေသူ။ကျောင်းမထားနိုင်၍မတက်ခဲ့သည်မဟုတ်။
ကျောင်းလူဆိုးကောင်လေး နက္ခက အမြဲတမ်းလိုလိုကျောင်းပြေးတတ်သည့်အပြင် စာကလဲ အလွန့်အလွန်ညံ့၏။ ဉာဏ်မကောင်း၍မဟုတ်ဘဲ မကျက်ချင်တာကြောင့်ပင်။
ကျောင်းတက်သည့်တစ်နှစ်တာမှာ ကျောင်းပြေးရက်က စာသင်နှစ်တစ်ဝက်လောက်ရှိပြီး ကျောင်းတက်သည့်နေ့များတွင်လည်း နေ့တိုင်းလိုလိုရန်ပွဲဖြစ်တာကြောင့် နက္ခမိဘများမှာ သားနဲ့အတူကျောင်းကိုနေ့တိုင်းသွားနေရ၏။" ဘာတုန်း အိုကလေ "
" ကျုပ်ဝတ်ထားတာ အဆင်ပြေလားလို့မေးတာ ဘွားစိန်မြရဲ့ မေးသာမေးတာပါ အရမ်းအရမ်းမိုက်နေပြီဆိုတာသိတယ် "
ပြောဖို့ပါးစပ်ပြင်နေသည့်ဘွားစိန်မြမှာ ကြားဖြတ်ကာထပ်ပြောသောနက္ခကြောင့် အသံတိတ်သွား၏။
" အပြင်ထွက်မလို့ မုန့်ဖိုးပေးပါအုံး "
ဘွားစိန်မြရဲ့လက်မောင်းတစ်ဖက်ကိုတင်းတင်းကိုင်ရင်း ပြောလိုက်လေလျှင် ငွေပိုက်ဆံအထပ်လေးဟာ လက်ထဲဟောကနဲ ရောက်ရှိလာလေသည်။
" အပြန်နောက်ကျမယ်ဘွားစိန်မြရေ ထမင်းစားနှင့်လိုက်နော် "
ဝိုင်းထိပ်ရောက်ကာမှ အာပြဲကြီးနဲ့လှမ်းအော်လိုက်ပြီး ဆံပင်ကိုတစ်ချက်သပ်ကာ ရွာမူလတန်းကျောင်းဘက်ဆို ခြေဦးလှည့်လိုက်သည်။
မိုးရွာပြီးကာစအချိန်ဖြစ်တာကြောင့် တစ်ကိုယ်လုံးကြွရွပြီး လမ်းလျှောက်ရတာတောင် မြောက်တက်နေသလို။
" ဆရာမလေး "
" ဟင် ဒီကိုဘာလာလုပ်ပြန်တာတုန်း "
" ကျုပ်အိမ်ပြောင်းလာပြီလို့ လာပြောတာ "
" သိတယ်လေ ဟေမာန်တို့ကောင်မလေးတွေဝိုင်းဖွဲ့ပြီးပြောနေကြတာ ကြားမိပါတယ် "
YOU ARE READING
ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် (𝐎𝐧𝐠𝐨𝐢𝐧𝐠)
Romanceသောင်းလှိုင်အိမ်ရဲ့အော်ကြောလန်သားအငယ်ဆုံးလေး နဲ့ မြို့ပေါ်ကနေ ရွာကိုတာဝန်ကျလာသော ဆရာမလေးတို့နှစ်ယောက်ရဲ့ မနဲ့မောင် အချစ်ဇာတ်လမ်းလေး💗 Available for Unicode & Zawgyi ❗