In Married Life;Episode [3] Zawgyi

616 6 0
                                    

             In Married Life, EXTRA •

Episode (3)

" ဆရာမနွေးနွေးကတော့ သိပ်ကို ယောင်္ကျားရကံကောင်းတာပဲနော် "

ကျောင်းသားတွေရဲ့စာအုပ်တွေကိုအမှတ်စစ်ပေးနေတုန်း ဆရာမလေးတစ်ယောက်က ထိုသို့ဆိုလာလျှင် နွေးမှာ မျက်လုံးဝိုင်းလေးဖြင့် လှမ်းကြည့်မိ၏။

" ဆရာမက ဘယ်အချက်တွေကိုကြည့်ပြီး ကံကောင်းတယ်လို့ပြောတာတုန်း "

" ဟော မသိလို့မေးတာလား သိသိရက်နဲ့ထပ်ပြီးဂုဏ်ယူချင်လို့မေးနေတာလားမသိပေမယ့် ပြောပါ့မယ်နော် ဆရာမနွေးနွေး ယူထားတဲ့ကောင်လေးက ငယ်တယ် ချောတယ် ရွာရဲ့အပျိုလေးတွေ သဘောကျနေရတဲ့ကောင်လေးလေ ပြီးတော့ အသိုင်းအဝိုင်းကလည်းကောင်းသလို မိဘမျိုးရိုးလေးကလည်းသန့်တယ် နောက်ဆုံးတစ်ချက်ကတော့ နက္ခသောင်းလှိုင်က အားကောင်းမောင်းသန် ယောင်္ကျားသားတစ်ယောက်ဖြစ်နေလို့ပေါ့ ဘယ်လောက်တောင်မှ အားကောင်းသလဲဆိုရင်တော့ဖြင့်... "

" အို.. ဆရာမရယ် အဲ့တာကြီးထည့်မပြောပါနဲ့ တကယ်တော့ ကုတင်က အစကတည်းက ကျိုးချင်နေတာလေ မောင့် အဲ နက္ခအား‌ကြီးလို့ ကျိုးကျတာမှမဟုတ်ဘဲ "

နွေးရဲ့စကားကို ယုံဟန်မတူသည့်ဆရာမလေးမှာ ရွာတွင်သတင်းပျံ့နေသည့်အကြောင်းကိုသာ ခဏခဏစနောက်နေတော့၏။

" ဆရာမနွေးနွေးပြောတာ ဟုတ်မဟုတ် ကုတင်ကြီးကိုသွားမေးမှပဲ အဖြေသိရတော့မှာပဲ "

" ဟော ဆရာမတော့နော် နွေးကိုအနေခက်အောင်လုပ်နေပြန်ပါပြီ တော်ပြီ အတန်းထဲမှာပဲ အမှတ်သွားစစ်တော့မယ် "

စာအုပ်လေးတွေကိုပိုက်ကာ ထွက်သွားဖို့ခြေလှမ်းပြင်နေတုန်းရှိသေး ဘယ်အချိန်ကတည်းက ရောက်နေသလဲမသိသည့် နက္ခသောင်းလှိုင်မှာ ပြုံးပြုံးကြီးပင်။

" အမလေး လန့်လိုက်တာ မောင်ရယ် "

" ဒီက ဆရာမသိချင်နေတာကို ကျုပ်ဖြေပေးပါ့မယ် ကျိုးနေတဲ့ကုတင်ကိုတော့ သွားမေးမနေပါနဲ့ "

" ဘာတွေပေါက်ကရလုပ်မလို့လဲ "

" မောင့်နွေးက ဘေးမှာငြိမ်ငြိမ်နေ... တကယ်တော့အမှန်အတိုင်းပြောရရင် ကုတင်က သူ့ဟာသူကျိုးကျတာမှမဟုတ်တာ ကျုပ်အားနဲ့ဖိချလို့ကျိုးတာပေါ့ ရှင်းရှင်းလေးပဲလေ နွေးကိုအခက်တွေ့အောင် ထပ်မ‌မေးနဲ့တော့ အခုကျုပ်ဖြေလိုက်ပြီ လာ နွေး "

ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now