In Married Life; Episode [1]

1.9K 82 13
                                    

• ချစ်လူမိုက် ချစ်လို့မိုက်ပါတယ်
             In Married Life, EXTRA •

Episode (1)

နက္ခသောင်းလှိုင်တစ်ယောက် သူခိုးကြီးညမှာ ခိုးယူသွားသည်က ပစ္စည်းမဟုတ်ဘဲ လူဖြစ်နေတာကြာင့် မိဘများမှာ စီစဉ်စရာရှိတာ စီစဉ်ရတော့သည်။

" ရွာထဲက အပျိုတွေတော့ ငိုနေတော့မှာပဲ နက္ခရာ "

ဇနီးလောင်းလေးသောက်ဖို့ အုန်းရည်ခံနေရင်း တောင်စိမ်းရဲ့စကားကို မဲ့ကာရွဲ့ကာဖြင့်..

" သူတို့ကိုတော့ အားနာပေမယ့် မတတ်နိုင်ဘူး ငါက နွေးမှနွေး တစ်နွေးထဲနွေးနေတာ နွေရာသီ ပူပူကြီးမှာတောင် နွေးချင်နေတာ "

စကားပြောဟန်ကိုက မြောက်ကြွ၊မြောက်ကြွနဲ့ တော်တော်ဖြစ်နေသည့် နက္ခကိုကြည့်ကာ တောင်စိမ်းမှာလည်း မချိုမချဉ်။

" ဟေ့ကောင်တောင်စိမ်း လစ်တော့ကွာ ငါက မိန်းမရသွားပြီဆိုတော့ မင်းတို့နဲ့အချိန်မဖြုန်းပေးနိုင်တော့ဘူး အချိန်ရှိခိုက် နို့ကိုနှိုက် အဲ.. လုံ့လစိုက်ဖို့ မိန်းမနား ပူးကပ်နေတော့မှာ ဂေါ်မစွံတွေက လစ်တော့ "

အိမ်ဘေးကို ခပ်ကုတ်ကုတ်လာနေသည့် တောင်မှိုင်းကိုပါ မြင်လိုက်သည်မို့ တစ်ပါတည်း စကားထည့်လိုက်ကာ အုန်းရည်ဆက်သဖို့ အိမ်ထဲအပြေးတစ်ပိုင်းနဲ့ ဝင်ချလာခဲ့လိုက်သည်။

" နွေးအတွက် အမောပြေအုန်းရည် "

စကားထိုင်ပြောနေကြသည့် အမိုးတို့၊အဘတို့ ယောက္ခမနဲ့ ရွာသူကြီးတွေကိုကျော်ကာ တစ်ခွက်ထဲယူလာခဲ့သော အုန်းရည်လေးကြောင့် မျက်လုံးပေါင်းသောင်းခြောက်ထောင်ဟာ နက္ခထံ တစ်ပြိုင်နက် ကျရောက်လာ၏။

" လူကြီးတွေက အခုလိုရာသီမျိုးနဲ့ အကြမ်းရည်လေးပဲသောက်သင့်တယ်ထင်လို့ပါ နွေးက လူငယ်ဆိုတော့ အား!! "

ဗိုက်ခေါက်ကြောလိမ်ဆွဲခံလိုက်ရသည်မို့ အသံထွက်မိပြီး နွေးရဲ့မျက်နှာရိပ်၊မျက်နှာကဲကြောင့် နာကျင်သမျှကို ဂလု ဆိုပြီး မျိုချပစ်လိုက်ကာ အပြုံးလေးဖြင့် နွေးရဲ့ဘေးနား တိုးကပ်ထိုင်လိုက်သည်။

ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now