In Married Life;Episode[5]

1K 69 12
                                    

• ချစ်လူမိုက် ချစ်လို့မိုက်ပါတယ်
             In Married Life, EXTRA •

Episode (5)

ကုတင်ထက်တွင် ကိုးရို့ကားယားအိပ်ပျော်နေသည့် နက္ခသောင်းလှိုင်တစ်ယောက်မှာ သူဝတ်ထားသည့်ပုဆိုးပင်ကျွတ်နေလေပြီ။

" ဟောတော် ဘယ်လိုတောင် အအိပ်ကြမ်းရတာတုန်း မောင်ရယ် "

ကုတင်အောက်ခြေတွင်ပုံနေသည့်ပုဆိုးကို နွေးပြန်ဆွဲတင်ပေးဖို့လက်ပြင်နေတုန်းရှိသေး မျက်စိမှိတ်ရက်သားဖြင့် သူ့ဟာသူလှမ်းဆွဲယူကာ ကိုယ်ပေါ်တွင်လွှားခြုံထားပြီး ဆက်အိပ်နေလေသည်။

နွေးမှာအသာလေးခေါင်းခါမိပြီး ပြန်အိပ်နေသည့်နက္ခကိုကြည့်ကာ ထမင်းထစားဖို့နှိုးရလေတော့၏။

" မောင် မောင်ရေ ထတော့လေ ထမင်းထစားတော့ လာ "

" ဟင်းးး အိပ်အုံးမှာ "

" ကျစ်! ဘာကိုအိပ်မှာတုန်း အချိန်လဲကြည့်အုံး ၉နာရီထိုးနေပြီ ထပါ ထထ "

အတင်းလှုပ်နိုးနေတာတောင် ဖက်လုံးကို ပေါင်ကြားထဲ အတင်းထိုးထည့်ပြီး ခေါင်းကိုတွင်တွင်ခါနေသည်။

" နွေးကို မောင်စိတ်ဆိုးနေတယ်နော် လာမချော့နဲ့ ညက မောင်နဲ့လာလည်းမအိပ်ဘူး ယောင်္ကျားဖြစ်သူကို ပစ်ထားတယ် "

" မေမေနေမကောင်းဘူးလေ အဲ့တော့ နွေးက ဘယ်လိုလုပ် စိတ်ချလက်ချ မောင်နဲ့အတူအိပ်နိုင်မှာလဲ ပြောပါအုံး "

" မသိချင်ဘူး မကြားချင်ဘူး "

" မောင်က မောင့်အမိုးကိုစိုးရိမ်သလို နွေးကလည်း မေမေ့ကိုစိုးရိမ်တယ်လေ အင်းပေါ့လေ နွေးမေမေက မောင့်ရဲ့အမိုးမဟုတ်ဘဲ ယောက္ခမဆိုတော့ ဘယ်စိတ်ပူပါ့မလဲ "

ထိုသို့ပြောလိုက်လေတော့ နက္ခသောင်းလှိုင်မှာ ပြူးတူးပြဲတဲဖြင့် ကုန်းထလာသည်။

" အဲ့လိုမဟုတ်ဘူးနော် မောင်ကအဲ့လိုပြောတာမဟုတ်ဘူးနွေးရဲ့ သိတယ်မလား "

" တော်ပြီ မပြောနဲ့တော့ အခုမျက်နှာသွားသစ်တော့.. ထမင်းစားမယ် သွား မြန်မြန်လေးသွား "

" နွေးရေ မောင့်ကိုစိတ်ဆိုးသွားတာလား မောင်ပြောချင်တာက... "

ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now