in married life, extra •episode (4)
ဒီကနေ့မှာတော့ နက္ခသောင်းလှိုင်တစ်ယောက် အကြီးအကျယ်သောင်းကျန်းနေလေပြီ။
အကြောင်းမှာ အသိမပေး ဘာမပေးနဲ့မြို့ပြန်သွားသည့် နွေးကြောင့်ပါပဲ။" ဟဲ့ ယောင်းမလေးက သူ့အမေအသည်းအသန်ထဖြစ်တော့ သူ့ခမျာလည်းစိုးရိမ်ရှာမှာပေါ့ နင့်ကိုစောင့်နေဖို့နေနေသာသာ သူ့ကားကြုံမမှီမှာစိုးလို့ ယက္ခက ဆိုင်ကယ်နဲ့တောင်သွားပို့ရတယ် နင့်ကိုလည်း သေချာရှင်းပြလိုက်ပါဆိုပြီး တစ်အိမ်လုံးကိုသေသေချာချာမှာသွားတာ သောင်းကျန်းမနေနဲ့တော့ "
" မသိဘူး မသိချင်ဘူး "
ဒီနေ့ အဘနေသိပ်မကောင်းချင်သလိုဖြစ်နေလေတော့ ပွဲရုံကို နက္ခသွားကြည့်ပေးနေတုန်း သူပြန်မရောက်ခင် နေ့ခင်းလောက်ကတည်းက မြို့ခဏပြန်သွားသည့်နွေးကြောင့် အမောင်နက္ခမှာ ပြန်လာလာချင်း သောင်းကျန်းနေ၏။
" ဟိုအဖွားကြီးက တမင်သက်သက်ညစ်တာပဲနေမယ် ငါနဲ့နွေးကိုခွဲချင်နေတာ နွေးအချစ်ခံနေရတာကို သူမနာလိုဖြစ်နေတာ "
" ဟဲ့ သူများကိုဘာတွေလျှောက်ပြောနေတာလဲ ဟိုက တကယ်အသည်းအသန်ဖြစ်နေတာ "
" မသိဘူး နွေးကိုခေါ်ပေး အခုပြန်ခေါ်ပေးကြ နင်တို့မှာတာဝန်ရှိတယ် တာဝန်ရှိတယ်လို့... "
အိမ်အပေါ်ထပ်ကနေ အာပြဲလျှာပြဲနဲ့အော်ဟစ်နေသူအား အေးမာမှာ လက်နက်မျိုးစုံနဲ့နှိပ်စက်ပေးလိုက်သည်။
" အမိုးရဲ့သားငယ်လေးက ဆရာမလေးကိုလွမ်းလို့လား "
" လွမ်းတယ် "
အမိုးရဲ့ပေါင်ကိုခေါင်းအုံးရင်း မျက်နှာငယ်လေးဖြင့်ပြောလိုက်လေတော့..
" ဆရာမလေးပေးထားတဲ့လိပ်စာရှိနေတာပဲ သားလေးရယ် လွမ်းရင်လိုက်သွားပေါ့ "
" ဟုတ်သားပဲလိပ်စာရှိနေတာကိုမေ့နေတယ် အင်းး ကျုပ်လဲ မြို့မရောက်ဘူးတာနဲ့အတော်ပဲ ဟဲ့ အေးမာ နင်ငါနဲ့အဖော်လိုက်ချင်လိုက်ခဲ့လေ "
မြို့ပေါ်ကို အဘနဲ့ယက္ခတို့လင်မယားသာ သွားလေ့ရှိကြပြီး နက္ခနဲ့အေးမာကိုတော့ သုံးစားမရတာကြောင့် တစ်ခါမှမခေါ်သွားကြဖူးပေ။
![](https://img.wattpad.com/cover/365993300-288-k712090.jpg)
YOU ARE READING
ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် (𝐎𝐧𝐠𝐨𝐢𝐧𝐠)
Romanceသောင်းလှိုင်အိမ်ရဲ့အော်ကြောလန်သားအငယ်ဆုံးလေး နဲ့ မြို့ပေါ်ကနေ ရွာကိုတာဝန်ကျလာသော ဆရာမလေးတို့နှစ်ယောက်ရဲ့ မနဲ့မောင် အချစ်ဇာတ်လမ်းလေး💗 Available for Unicode & Zawgyi ❗